ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အမျိုးသမီးနှစ်ဦးအား တည်းခိုခန်းဘက်သို့ လက်ဆွဲခြင်းကိုင်ဆောင်၍ လမ်းလျှောက်လာစဉ် ရပ်တန့်စစ်ဆေးရာမှ ရောင်စုံဆပ်ပြာခွက် (၁၂)အတွင်း၌ ဘိန်းဖြူမှုန့်(၁၄ဝ ဒသမ ၄ )ဂရမ်နှင့် စိတ်ကြွဆေးပြား(၃၉ဝဝ)ပြား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်နယ်မှုခင်းအကူဌာန မှ ရဲအုပ်ထွန်းထွန်းဝင်း ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ အမျိုးသမီးရဲမေ ရဲတပ်ကြပ်ကြီး ဝင်းလဲ့ဝါရွှေနှင့် ညောင်ပင်ရပ်ကွက်မှ အရန်မီးသတ်တပ်ခွဲမှူး ဦးလှမြင့်တို့အဖွဲ့ သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ဗန်းမော်မြို့ အလယ်ရပ်ကွက်ရှိ စိန်အင်ပါယာတည်းခို ခန်းဘက်သို့ မကျန်းဆွေ(၃ဝ)နှစ်နှင့် မထားငယ်(၃၁)နှစ်တို့နှစ်ဦးအား လက်ဆွဲခြင်းဖြင့် လမ်းလျှောက်လာစဉ် ရပ်တန့်စစ်ဆေးရာမှ မကျန်းဆွေ၏ ဝဲဘက်လက်ဖြင့် ဆွဲလာသည့် ပလပ်စတစ်(၂)ထပ် လက်ဆွဲခြင်းအတွင်း သိုဝှက် သယ်ဆောင်လာသော love is Flower စာတမ်းပါ ဆပ်ပြာခွက် ကို ဘိန်းဖြူမှုန့်(၁၁ ဒသမ ၇) ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် (၁၂)ခွက် စုစုပေါင်းဘိန်းဖြူမှုန့်(၁၄ဝ ဒသမ ၄ )ဂရမ်ခန့်နှင့် အပြာရောင်ကပ်ခွာ အိတ်ဖြင့် (၂ဝ)ထုပ် ထည့်ထားသော WY နှင့် MY စာတမ်းပါ(ရောရာ) စိတ်ကြွဆေးပြား(၃၉ဝဝ)ပြားတို့ကိုဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မကျန်းဆွေ(၃ဝ)နှစ်၊ KBC စစ်ရှောင်စခန်း၊ မိုးမောက်မြို့နေသူနှင့် မထားငယ်(၃၁)နှစ်၊ စီဟတ်ကျေးရွာ မိုးမောက်မြို့ နယ်နေသူတို့နှစ်ဦးအား ဗန်းမော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ ခရိုင်ပြန်/ဆက်
Sunday, January 14, 2018
ဗန်းမော်မြို့တွင် လမ်းလျှောက်လာသော အမျိုးသမီးနှစ်ဦးထံမှ မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိ

Reviewed by Ar Ti
on
12:19 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment