Latest News

Tuesday, January 30, 2018

သုန်သုန်မှုန်မှုန် သူတို့အတွဲ

သုန်သုန်မှုန်မှုန်  သူတို့အတွဲ

စီရိုနယ်လ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၈ ရက်မှာ
ကျရောက်တဲ့ ဂျော်ဂျီနာဂိုဒရီဂွက်ဇ်ရဲ့ အသက် ၂၄ နှစ် ပြည့်မွေးနေ့ကို မာဘယ်လ်လာကမ်းခြေမှာ ကျင်းပခဲ့ပေမယ့် နှစ်ဦးစလုံးရဲ့ မျက်နှာတွေ
ကတော့ သုန်သုန်မှုန်မှုန်ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ လူအများရှေ့ တွဲထွက်လာပေမယ့် ခုလို ဖြစ်နေရတဲ့ နောက်ကွယ်က  အကြောင်း ရှိနေပါတယ်။ ဂျော်ဂျီနာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက စီရိုနယ်လ်ဒိုရဲ့
အလန်နာမာတီနာကို မွေးဖွားပေးခဲ့ တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ထွက်လာတဲ့ သတင်းတွေအရ စီရိုနယ်လ်ဒိုရဲ့ ပျက်နေတဲ့ခြေလှမ်းတွေကြောင့် သူတို့နှစ်ဦးကြား မှာ အဆင်မပြေမှုတွေဖြစ်လာတာပါ။ ဂျော်ဂျီ
နာက သူ့မျက်နှာကို အိတ်နဲ့ ကွယ်ထားခဲ့ပြီး စီရိုနယ်လ်ဒိုက ဂျော်ဂျီနာရဲ့ ပခုံးကို ဖက်ထားပေမယ့် စားသောက် ဆိုင်ကို ရောက်သွားချိန်မှာ တော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ရုတ်တရက် ပြောင်း
သွားခဲ့ပုံရပါတယ်။ စားသောက် ခန်းထဲမှာ သူတို့နှစ်ဦးဟာ ဒီကိစ္စရပ်အပေါ် ပြဿနာတက်နေတဲ့ပုံပေါ်ပေမယ့် ဘာတွေဖြစ်ခဲ့
ပြောခဲ့ကြသလဲဆိုတာ အတိအကျ သိရခြင်းမရှိပါဘူး။

ဒီရက်ပိုင်းအတွင်း စီရိုနယ်လ်ဒိုဟာ ဖေ့စ်ဘွတ်မှာ သူငယ်ချင်းဖြစ်တဲ့ မော်ဒယ် ရီရမ်ကို ညသန်းခေါင် လောက် မက်ဆေ့တွေ ပို့ပြီး ချိန်းဆိုမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ စီရိုနယ်လ်ဒိုက ''မင်းကိုယ့်ကို
သီးသန့်ဖုန်းနံပါတ်ပေးရင် ကိုယ်တစ်နာရီအတွင်း ဖုန်းခေါ်မယ်။ ကိုယ်အခု ဟိုတယ်မှာ'' လို့ ရေးသားခဲ့တယ် လို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

ရီရမ်ဟာအိုလီဗာမယ်လာနဲ့ စေ့စပ်ထားပြီး ''ကျွန်မမှာ လုပ်စရာတွေ အများကြီးရှိနေပြီး သူငယ်ချင်း တွေနဲ့ သောက်ဖို့ ရှိနေသေးတယ်။ သူကလည်း  ကျွန်မ  ဒါမျိုးလုပ်ရင် ကြိုက်မှာ မဟုတ်ဘူး'' လို့ တုံ့ပြန်ရေး
သားခဲ့တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ရီရမ်ရဲ့ သစ္စာရှိမှုကြောင့်  စီရိုနယ်လ်ဒိုနဲ့ ရီရမ်တို့ကြား သာမန် ထက်ပိုတဲ့ ဆက်နွှယ်မှုမရှိခဲ့ပေမယ့် ဂျော်ဂျီနာကတော့ ဒီကိစ္စရပ်အပေါ် အတော်လေး စိတ်ကသိကအောင့် ဖြစ်နေခဲ့ရပါပြီ။မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment