မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးကြည့်ရှုလေ့လာ
မန္တလေး ဇန်နဝါရီ ၃ဝ
ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့တို့ပူးပေါင်း၍ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်မြန်မာ-အမေရိကန် ရှေးဟောင်းသုတေသန ပညာရှင်များ၊ သစ်သားကျွမ်းကျင် ပညာရှင်များ ပူးပေါင်းကာရှေးမူ မပျက်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ရွှေနန်းတော်ကျောင်းကြီးရေရှည်တည်တံ့ခိုင်မြဲ စေရေးအတွက်အမိုးပိုင်းမိုးရာသီရေစီးရေလာကောင်းမွန် စေရေးဆောင်ရွက်ခြင်း၊ မီးဘေး အန္တရာယ် ကင်းဝေးစေရေးဆောင် ရွက်ခြင်း၊ ပျက်စီးနေသော တိုင်များ၊ ရက်မများအား အစားထိုးပြုပြင်ပေးခဲ့ သည်။ ဆက်လက်၍ရွှေနန်းတော် ကျောင်း၏ ဝရန်တာများပြန်လည် ပြုပြင်ထိန်းသိမ်းရန်ပြင်ဆင်ဆောင် ရွက်ပေးလျက်ရှိသည်။
ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းရေး ကမ္ဘာ့ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းရေးရန်ပုံငွေ အဖွဲ့(ျွှငြ်္)၏ အတိုင်ပင်ခံသစ် သား ကျွမ်းကျင်ပညာရှင်များ၏ ဆောင်ရွက်ချက်များကို ဇန်နဝါရီ ၂၇ရက်က မြန်မာနိုင်ငံဆိုင်ရာအမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မာစီရယ်လ်ကလာရောက်ကြည့်ရှု လေ့လာရာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းနှင့်တာဝန်ရှိသူများက ရှင်းလင်း ပြသခဲ့သည်။
မင်းတုန်းမင်းတရားကြီးလက်ထက် ရွှေနန်းတော်ကျောင်းတည်ဆောက်ခဲ့ သော မြန်မာ့လက်မှုပညာရှင်များ သည် ရွှေနန်းတော်ကျောင်း၏အဆောက်အအုံနှစ်ခုကိုတစ်ခု တည်း ဖြစ်စေရန်ဆန်းသစ်သောကြမ်းခင်းထားမှုနည်းပညာဖြင့် တည်ဆောက် ထား ကြောင်းလေ့လာတွေ့ရှိရသည်။
ရွှေနန်းတော်ကျောင်းကဲ့သို့သစ်သားဘုန်းကြီး ကျောင်းများတွင်လည်း တည်ဆောက်ထားသဖြင့် ရှေးခေတ် မြန်မာ့ ဗိသုကာပညာ အဆင့်အတန်း မြင့်မားကြောင်းသုံးသပ်ပြောဆိုကြ သည်။
ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း ၁၃ဝ ကျော်သက်တမ်းရှိပြီး ကုန်း ဘောင်ခေတ် (၁၉) ရာစုမြန်မာမှု အနုပညာလက်ရာစံပြုကျောင်းကြီး ဖြစ်သည်။ နန်းတော်အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်းဆောက် လုပ်လှူဒါန်းခဲ့သဖြင့် ရွှေနန်းတော် ကျောင်းဟုခေါ်တွင်ခဲ့သည်။
ရွှေနန်းတော်ကျောင်းသည် အမိုး သုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါ သော ဇေတဝန်ဆောင်ဖြစ်သည်။ဘုန်းကြီးကျောင်းများနှင့် တည် ဆောက်ပုံမတူဘဲ စနုဆောင်ကိုနေ ကျော် တည်ဆောက်ထားပြီးကျောင်း ဦးပြာသာဒ်နှင့်ဘောဂဆောင်မပါသော ကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော် ကျောင်းတွင်အရှေ့အနောက်တိုင် ၁၅လုံး၊ တောင်မြောက်တိုင် ၁ဝ လုံး တန်းရှိခြင်းကြောင့် တိုင်ပေါင်း ၁၅ဝ တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်းအုတ် လှေကား ငါးစင်းဖြင့် တည်ဆောက် ထားသည်။
ရွှေနန်းတော်ကျောင်းကြီးတစ်ခုလုံး မြန်မာမှုသစ်သားပန်းပုလက်ရာ၊ ခြူး ပန်းခြူးနွယ်၊ အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ နံရံကပ်ရုပ်ကြွများ နှင့်အတွင်း မာရဘင်အရှေ့ပိုင်းကွန်း စင်တိုင်ခြေတွင်ဇာတ်တော်ကြီးဆယ် ဘွဲ့ကို စိတ်ဝင်စားဖွယ် အနုစိတ်ထု လုပ်ထားသည်။ ဒုတိယကမ္ဘာစစ် အတွင်းက စစ်ဘေးဒဏ်မှကင်းလွတ်ခဲ့ သောမြနန်းစံကျော် ရွှေနန်းတော်ကြီး ၏ မူလလက်ရာနန်းဆောင်သာသနိ ကအဆောက်အအုံဖြစ်ကြောင်း သိရ သည်။
သီဟကိုကို(မန္တလေး)ကြေးမှုံ
No comments:
Post a Comment