Latest News

Tuesday, January 30, 2018

စပျစ်သီးချဉ်တယ်ဆိုပဲ

စပျစ်သီးချဉ်တယ်ဆိုပဲ

ဆန်းချက်ဇ်နှင့် မန်ယူအသင်းလက်တွဲခြင်းအပေါ် မန်စီးတီးလို  ပြိုင်ဘက်အသင်းများ မနာလိုကာ စပျစ်သီးချဉ်နေခြင်းသာဖြစ်တယ်လို့် မန်ယူနည်းပြ မော်ရင်ဟိုက စွပ်စွဲပြောကြားလိုက်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူမှာ  အခွန်မဆောင်မီ တစ်ပတ်လုပ်ခပေါင် ၅ဝ၅ဝဝဝ ရရှိမည်ဖြစ်ပြီး  ဒီလိုများပြားတဲ့ လုပ်ခလစာကြောင့် မန်စီးတီးအသင်းကမတတ်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်သွားရတာဖြစ်တယ်လို့  မော်ရင်ဟိုက ရိခဲ့တာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုက ''မမီနိုင်တဲ့ ထိပ်ဖျားမှာ လိမ္မော်သီးတွေ အများကြီး သီးနေတဲ့ အပင်တစ်ပင်ကို ခင်ဗျားမြင်ရင် အိုး အောက်နားက အသီးကိုပဲ လိုချင်တယ် ဘာလို့လဲ ဆိုတော့ ထိပ်ကအသီးကို သိပ်မကြိုက်လို့ပါ။  ခင်ဗျားအနေနဲ့ ထိပ်ကအသီးကိုပဲ ကြိုက်တယ်ဆိုရင် ဒီအသီးက ကောင်းတယ်၊ အရည်ရွှမ်းမယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒီအသီးကို ရဖို့ မမီဘူးဆိုရင်တော့ ကိုယ်တို့က ဒါကို မကြိုက်ပါဘူး  အခြားအသီးတွေကို ပိုကြိုက်တာပါ။ ခုအဖြစ်က ဒီပုံပြင်ကို သတိရမိစေပါတယ်'' ဟု  ပေါ်ပေါ်ထင်ထင်ပင် လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို  ဒီလို ပြောပြီး နောက်ရက်မှာပဲ မန်စီးတီးနည်းပြ ဂွါဒီယိုလာ
ကလည်း မန်စီးတီးအနေနဲ့ အသင်းအတွက် လိုအပ်တဲ့ ကစားသမား ၂၂ ဦးစလုံးကို ထိပ်တန်းကစားသမားတွေနဲ့ ချည်းအားဖြည့်ဖို့ ငွေကြေးမလုံလောက်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ ဆန်းချက်ဇ်ကို ပရီမီယာလိဂ် စံချိန်တင် လုပ်ခလစာ တစ်ပတ်လုပ်ခပေါင်    ၅ဝ၅ဝဝဝ   ပေးချေခေါ်ယူခဲ့တာဖြစ် ပြီး မန်စီးတီးဟာ ဆန်းချက်ဇ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် နောက်ဆုတ်သွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံးကမ္ဘာ့ဘောလုံးကလပ်အသင်း၂ဝမှာလည်း  နံပါတ်(၁)နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

မော်ရင်ဟိုသည် လူကာကူကိုလည်း ချယ်လ်ဆီးအသင်းကို နောက်
ကောက်ချ ခေါ်ယူနိုင်ခဲ့စဉ်ကလည်း အလားတူ  မန်ယူအသင်းရဲ့ ငွေသုံးကြမ်းနိုင်မှုအပေါ် ဂုဏ်ယူဝင့်ကြွားပြီး ပြိုင်ဘက်အသင်းကို လှောင်ပြောင်ခဲ့ဖူး တာပါ။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment