Latest News

Friday, January 19, 2018

ဝန်ကြီးချုပ်နှုတ်ဆက်ပွဲ

ဝန်ကြီးချုပ်နှုတ်ဆက်ပွဲ

ရာထူးမှစွန့်ခွာခဲ့သည့် ၀န် ကြီးချုပ်တစ်ဦးကို ကျန်ခဲ့သော ၀န်ကြီးများနှင့် ဌာနဆိုင်ရာများက နှုတ်ဆက်ကန်တော့သည့် မြင်ကွင်းသည် မြန်မာ့နိုင်ငံရေးတွင် မြင်ရခဲလှသည်။ ယင်းဖြစ်ရပ်သည် နိုင်ငံရေးရာထူးမှ ငြိမ်းချမ်းစွာနှုတ်ဆက်ခွဲခွာခြင်း ယဉ်ကျေးမှုသစ်လည်းဖြစ်သည်။

ဝန်ကြီးတစ်ဦးအနားပေးခံရ  လျှင် လက်အောက်ငယ်သားများ က ရှောင်ဖယ်လေ့ရှိကြသည့် အာ ဏာရှင်အစိုးရလက်ထက်က ထုံး တမ်းကို မန်းဂျော်နီနှုတ်ဆက်ပွဲက ချေဖျက်ခဲ့သည်။

‘‘အရင်က အငြိမ်းစားပေး လိုက်ပြီဆိုရင် ဒါကျိန်းသေတယ်။ လူကြီးမကြိုက်လို့။ အကောင်း ပြုတ်တာတော့မဟုတ်ဘူး။ အနား ပေးခံရတဲ့သူက ရှောင်ရမယ့်လူ ဖြစ်သွားပြီဆိုတာ ယဉ်ကျေးမှုတစ် ခုလိုနားလည်ပြီးသား’’ ဟု တပ်မ တော်အစိုးရလက်ထက်တွင် တာ ၀န်ထမ်းဆောင်ခဲ့သည့် အငြိမ်း စားအရာရှိတစ်ဦးက ပြောသည်။

မန်းဂျော်နီနှုတ်ဆက်ပွဲဗီဒီယို ဖိုင်ကို ကြည့်ပြီး အံ့ဩမိသလိုဝမ်း သာမိကြောင်း ၎င်းကပြောသည်။

မန်းဂျော်နီနှင့်အတူ ရာထူးမှ နုတ်ထွက်ခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်  ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦး ဘဟိန်းတို့ကို တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင် ရာဝန်ထမ်းများက ဇန်န၀ါရီ ၁၂ ရက်မွန်းလွဲတွင် ပုသိမ်မြို့ ဧရာ ရွှေဝါခန်းမ၌ ဂါရ၀ပြုနှုတ်ဆက် ကန်တော့ခဲ့သည်။

၎င်းတို့နှစ်ဦး၏ သဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့်ပြု ကြောင်း သမ္မတရုံးက ဇန်န၀ါရီ ၉ ရက်၌ ကြေညာခဲ့ပြီး သုံးရက်အ  ကြာတွင် ကန်တော့ပွဲဖြစ်လာခြင်း ဖြစ်သည်။

‘‘အခုဒီမှာထိုင်နေတာ ၀န် ကြီးချုပ်ဘ၀နောက်ဆုံးအချိန်ပဲ။ နောက်တစ်ခါဝန်ကြီးချုပ်ဖြစ်ချင် သေးလားမေးရင် လုံးဝလုံးဝမဖြစ် ချင်တော့ဘူး’’ ဟု မန်းဂျော်နီက ကရင်လူမျိုးပီပီခပ်ပြတ်ပြတ်ပြော သည်။ ကျန်းမာရေးလိုက်စားသော ကရင်အမျိုးသားကြီးသည် ကျန်း မာရေးအကြောင်းပြချက်ဖြင့် ၀န် ကြီးချုပ်ရာထူးကို လက်ပြနှုတ် ဆက်ခဲ့သည်။

မန်းဂျော်နီဟုဆိုလိုက်လျှင် သူ၏နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှု ထက် သူ၏အားကစားဆိုင်ရာလှုပ် ရှားမှုကို ပိုသတိပြုမိသည်။

နံနက်စောစော  လမ်း လျှောက်ထွက်တတ်သူမန်းဂျော်နီ သည် အမတ်ဘ၀ကနေ နေပြည် တော်စည်ပင်ရိပ်သာ၏ ညနေခင်း အမတ်များခြင်းဝိုင်းတွင် ပုံမှန်ခြင်းခတ်သူဖြစ်သည်။

အထင်ရှားဆုံးဖြစ်ရပ်သည် ၀န်ကြီးချုပ်ဖြစ်မှ ဘောလုံးဝင်ကန် ရာ လက်ကျိုးခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဘ၀စွမ်းဆောင် ရည်နှင့်ပတ်သက်၍ ဝေဖန်မှုရှိသော်လည်း သူ၏ရိုးဂုဏ်အပေါ်တွင် သံသယဖြစ်သူရှားလှသည်။

ပြည်သူ၏ရွေးကောက်တင် မြှောက်မှုကို သုံးကြိမ်တိုင်ခံယူပြီး ဖြစ်ကြောင်း မန်းဂျော်နီကဂုဏ်ယူ စွာပြောသည်။ ရွေးကောက်တင် မြှောက်ခံရခြင်းသည် ပြည်သူ့ ကိုယ်စားအလုပ်လုပ်ရန်တာဝန် ပေးခြင်းဟု သူကရိုးရှင်းစွာခံယူ ထားပြီး ကျန်းမာရေးကြောင့်အ ပြည့်အ၀တာဝန်မယူနိုင်၍ နုတ် ထွက်ခြင်းဖြစ်ကြောင်း မန်းဂျော်နီ က ရှင်းပြသည်။

‘‘ကျွန်တော် နွားပိန်တွယ် တွယ်နေရင် ပြည်သူအပေါ်တာဝန် မကျေမှာစိုးလို့ ကျွန်တော်စာတင် လိုက်တာပဲ’’ ဟု အသက်(၇၇)နှစ် အရွယ်မန်းဂျော်နီက နှုတ်ဆက်ပွဲ တွင်ပြောသည်။

ထပ်မံတာဝန်ယူမည့် ၀န်ကြီး ချုပ်အသစ်က အကြံဉာဏ်နှင့် အ ကူအညီတောင်းခံပါက ကူညီမည် ဖြစ်ကြောင်း ၎င်းကပြောကြား သည်။

ကန်တော့ခံ အခမ်းအနား တွင် မန်းဂျော်နီကသူမြတ်နိုး  တန်ဖိုးထားဝတ်ဆင်လေ့ရှိသော ကရင်အင်္ကျီကိုဝတ်ဆင်ထားပြီး နေကာမျက်မှန်တပ်ထားသည်။ ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မတော် တဆဖြစ်ရပ်နှင့် ယာဉ်တိုက်မှုတို့ ကြောင့် ခွဲစိတ်ကုသခဲ့ရသည့်အာ ပြင် မျက်စိနှစ်ဖက်စလုံးကိုလည်း ခွဲစိတ်ထား၍လက်ရှိတွင် အမြင် အာရုံအားနည်းနေပြီဖြစ်သည်။

နိုင်ငံရေးလောကထဲမ၀င်မီ လက်ထောက်မြို့နယ်ပညာရေး မှူးဖြစ်ခဲ့သူ မန်းဂျော်နီသည် ရှစ် လေးလုံးအရေးတော်ပုံကြီးကိုဆင် နွှဲခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ တွင် အမတ်ဖြစ်ခဲ့ပြီး အမတ်ဖမ်းပွဲ ၌ အဖမ်းခံခဲ့ရသည်။

ကျောင်းဆရာ မန်းဂျော်နီကို ကျုံပျော်သူကျုံပျော်သားများက ‘ဆရာကြီး’ဟု လေးစားချစ်ခင်စွာခေါ်ကြသည်။

သူသည် ကျုံ ပျော်မြို့၏ စံထားထိုက်သူနိုင်ငံ ရေးသမားသုံးဦးတွင် တစ်ဦးအပါအ၀င်ဟု ကျုံပျော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က ပြောသည်။

‘‘သမိုင်းကြောင်းအရပဲ ပြော ပြော၊ ပုဂ္ဂိုလ်ရေးအရပဲပြောပြော ဆရာကြီးက ကျွန်တော်တို့နောက် ဆုံးအချိန်ထိ လေးစားရမယ့်ပုဂ္ဂိုလ် ပါ’’ ဟု ၎င်းကပြောသည်။

နှုတ်ဆက်ကန်တော့ခံပြီး နောက် ရာထူးမှနုတ်ထွက်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ မီဒီယာများအား ရှင်း လင်းခဲ့ခြင်းက သူ၏တာဝန်ခံနိုင်မှု ကို သက်သေပြသည်။

ပင်နီတိုက်ပုံပြောင်းလဲဝတ် ဆင်ထားသော မန်းဂျော်နီက ရုံး ခန်းထဲတွင် နေကာမျက်မှန်ကြီး ၀တ်လျက် သတင်းစာရှင်းလင်းခဲ့ သည်။

‘‘ပြည်သူတွေရွေးကောက် ထားတာသည် အလုပ်လုပ်ဖို့ရွေး ကောက်ထားတာ။ သူတို့အတွက် အလုပ်လုပ်ဖို့တာဝန်ပေးထား တာ။ ဒီတာဝန်အပြည့်အ၀ငါ မကျေပွန်ဘူးဆိုရင် ဆက်လုပ် စရာအကြောင်းမရှိဘူး’’ ဟု ၎င်း က ပြောသည်။ ထို့အပြင် မိသားစုဝင်များက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေမှုကို မထိန်းသိမ်းနိုင်၍ ရာထူးမှ နုတ်ထွက်ခြင်းဖြစ်သည်ဆိုသောသတင်းများကို လက်မခံနိုင် ကြောင်း မန်းဂျော်နီက တုံ့ပြန် သည်။

‘‘အဲဒီလိုလုပ်တဲ့သူကို ချက် ချင်းပြောပါ။ ငါအခုသွားဖမ်းပြီး တော့ အခုထောင်ထဲထည့်မယ်။ ငါ့ဆီမှာ အဲဒီလောက်အထိ လုပ် ငန်းကို လုပ်နိုင်တဲ့စီးပွားရေးသမား ဆိုတာမရှိဘူး’’ ဟု ၎င်းကပြော သည်။

နှုတ်ဆက်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲအပြီးတွင် စိတ်လှုပ်ရှား မှုကြောင့် မန်းဂျော်နီသည် နေအိမ် ၌ ငိုကြွေးခဲ့ကြောင်း သားဖြစ်သူက ပြောသည်။

‘‘နာမည်မသေအောင်ကြိုး စားမယ်’’ ဟု ကြုံးဝါးခဲ့ဖူးသည့် မန်းဂျော်နီသည် ဒေါ်အောင်ဆန်းစု ကြည်၏ ဦးဆောင်မှုအောက်တွင် ဒီမိုကရေစီ ခရီးကြမ်းကို လျှောက် လှမ်းခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၌ မြောင်းမြမဲဆန္ဒ နယ်တွင် အားကစားဝန်ကြီးသား ဖြိုးကိုကိုတင့်ဆန်းကို အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲ ရောက်ခဲ့ သည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒီချုပ်အစိုးရဖွဲ့နိုင်သည့်အခါ ဧရာ ဝတီတိုင်းဝန်ကြီးချုပ် ဖြစ်လာခြင်း က သူ၏ နိုင်ငံရေးဖြတ်သန်းမှုတွင် အမြင့်ဆုံးရာထူး တာဝန်ဖြစ်ခဲ့ သည်။ သို့သော် တာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခန့်အကြာတွင် မန်းဂျော်နီသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ သို့သော်သူ၏ နှုတ်ဆက်ပွဲက ယဉ်ကျေးမှုကောင်းတစ်ခုကို ချန်ထားခဲ့သည်။ တပ်မတော်အစိုးရ လက် ထက်ကရော ဦးသိန်းစိန်လက် ထက်ကပါ နုတ်ထွက်သွားသော ဝန်ကြီးတစ်ဦးကို ယခုကဲ့သို့ ကန် တော့သည့် အခမ်းအနားမျိုး မကျင်းပဖူးကြောင်း သမ္မတပြော ရေးဆိုခွင့်ရှိသူဟောင်း ဦးရဲထွဋ် ကပြောသည်။

‘‘ဦးသန်းရွှေလက်ထက်က  တော့ ဝန်ကြီးတစ်ဦး အနားပေးခံ လိုက်ရပြီဆိုရင် တပည့်တွေက သွား တွေ့တာမျိုးရှိပေမယ့် ဒီလိုပွဲ လုပ်တာတော့မရှိဘူး။ တစ်ခါတ လေတော့ အနားပေးခံရတဲ့ ကိစ္စ အပေါ်မူတည်ပြီး သုံးလ (သို့မ ဟုတ်) ခြောက်လလောက် ကိုယ့် အိမ်မှာပဲ ကိုယ်နေပါဆိုတာမျိုး မှာထားတာမျိုးရှိတယ်’’ ဦးရဲထွဋ် က ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက် တွင် တာဝန်ကအနားယူသူ များနှင့် ပတ်သက်၍ ကန့်သတ် ချက်များ မရှိသလို နှုတ်ဆက်ပွဲ လုပ်ခြင်းမျိုး မရှိကြောင်း ၎င်းက ပြောသည်။

‘‘ထူးခြားတာတော့ ၂၀၁၁ နောက်ပိုင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အရင်ကတပ်မ တော်အကြီးအကဲဟောင်းတွေကို တပ်မတော်နေ့တိုင်းမှာ ပြန်ပြီးအ လေးထားဂါရဝပြုတဲ့ အစဉ်အလာ တော့ ပြန်ပျိုးထောင်လာတာတွေ့ ရတယ်’’ ဟု ဦးရဲထွဋ်က ပြော သည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း အလား တူ ယဉ်ကျေးမှုတစ်ခု ပြုလုပ်ခဲ့ သည်။ ၎င်းကိုယ်တိုင်ရွေးကောက် ပွဲ နိုင်သော်လည်း ပြည်ခိုင်ဖြိုးရွေး ကောက်ပွဲ ရှုံးသဖြင့် ဒီချုပ်ကိုအာ ဏာလွှဲတော့မည့်အချိန်၌ ဟာသ များပြောကာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လမ်းခွဲခဲ့ခြင်းဖြစ် သည်။ နှုတ်ဆက်ပွဲတွင် ကိုအံ့ကြီးသီချင်းပင်ဆိုပြခဲ့သေးသည်။

‘‘လွှတ်တော်က လွမ်းနေမယ် နော်’’ ဟူသော ဦးခင်အောင်မြင့်၏ နှုတ်ဆက်စကားသည် ပထမအ ကြိမ် သက်တမ်းကလွှတ်တော် အမတ်များအတွက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။မန်းဂျော်နီကမူ သူ့ကိုလမ်း တွင်တွေ့လျှင် ခေါ်ဖို့ပြောသည်။

‘‘ဝန်ကြီးချုပ်ဖြစ်လို့ ခေါ်တာ ထက် မဖြစ်တော့တဲ့အချိန်မှာ ခေါ် တာကို ကျွန်တော်ပိုမြတ်နိုးပါ တယ်’’ ဟု မန်းဂျော်နီက ရိုးရိုးသား သားဆိုသည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးကန်တော့နှုတ်ဆက်ပွဲတွင် ကာယကံ၊ ဝစီကံ၊ မနောကံ တစ်ပါးပါးသောကံတို့ဖြင့် ပြစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ်ပေးရန် ဝန်ကြီးများနှင့် ဝန်ထမ်းများက ဝန်ချကန်တော့ခဲ့သည်။

မန်းဂျော်နီကလည်း ‘‘ခင်ဗျား တို့အပေါ် ပြောမှားဆိုမှား မောက် မောက်မာမာ ဆက်ဆံခဲ့တာရှိလို့ ရှိရင် သံသရာထိချည်မထားဘဲ ခွင့်လွှတ်ကြပါ’’ ဟု ပြန်ပြောလေသည်။

ဝန်ကြီးချုပ်ရာထူးမှ နုတ် ထွက်ခဲ့သော်လည်း မန်းဂျော်နီ၏ နိုင်ငံရေးခရီးရှည်သည် မပြီးဆုံး သေးပါ။ ကျုံပျော်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် တာဝန် နှင့် ပါတီဗဟိုအလုပ်အမှုဆောင် တာဝန်များ ဆက်လက်ထမ်း ဆောင်နေရဦးမည်ဖြစ်သည်။

သို့ဖြစ်၍ သူ့အားနှုတ်ဆက် ကန်တော့သူများထံမှ လက်ကျန် နိုင်ငံရေးသမား ဘဝအတွက် မေတ္တာတောင်းခံခဲ့သည်။

ကျန်းမာပြီးနိုင်ငံအတွက် အ လုပ်လုပ်ပေးနိုင်စေရန် မေတ္တာပို့ ပေးကြပါဟု မန်းဂျော်နီက တောင်းခံခဲ့ခြင်း ဖြစ်သည်။
7Day News

No comments:

Post a Comment