Saturday, January 20, 2018
ငွေဆောင်ကမ်းခြေရှိ မြေသိမ်းခံရသည့် ဒေသခံများ ဆန္ဒဖော်ထုတ် တောင်းဆို
ပုသိမ်၊ဇန်န၀ါရီလ ၂၀ရက်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေ ဒေသရှိ အမှတ်၃ရပ်ကွပ် ဟိုတယ်ဇုန်လမ်းမကြီးတစ်လျှောက် တွင် ယနေ့နံနက် ၈နာရီအချိန်ကစတင်၍အုန်းခြံမြေ ၊လယ်မြေ ၊ဥယာဉ်ခြံမြေ များ သိမ်းဆည်းခံခဲ့ရသည့် နစ်နာသူ မူလ လက်ငုတ် ၇၀ ကျော်ခန့်က မြေသိမ်းခံရသည့် မြေနေရာများ ပြန်လည်ရ ရှိရေး နှက့် အသူံးပြုထားပါက ကာလတန်ဖိုးအလိုက်လျော်ကြေးအဖြစ်လိုချင်သောကြောင့် န္ဒဖေါ်ထုတ်ခဲံကြကြောင်း သတင်းရ ရှိပါသည်
“မြေသိမ်းခံရတုန်းက အုန်းပင် အတွက် လျှော်ကြေးပဲ ရတယ်သီးနှံ နှငိ့အခြားအပင် မြေယာတွေအတွက် ဘာလျော်ကြေးမှမရဘူး သီးနှံနဲ့ သိမ်းဆည်းထားတဲ့မြေ တွေပေါ်မှာ အဆောက်အဦး မဆောက်ထားတဲ့ မြေတွေကို ပြန်လိုချင်တယ် ၊အဆောက်အဦးဆောက်ပြီးသား မြေတွေအတွက်တော့ ခုကာလတန်ကြေး နဲ့ လျော်ကြေးအဖြစ် ပြန်လိုချင်ပါတယ် “ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ မြေသိမ်းခံရသူ ဦးလှမြင့် က ပြောသည်။
လယ်ယာမြေ နှင့် ဥယာဉ်ခြံမြေ တန်ဘိုး သီးနှံ တန်ဘိုး နစ်နာကြေး လျော်ကြေးများ မရရှိခဲ့ကြောင်းမြေယာအတွက် လျှော်ကြေးငွေများသိမ်းစည်းခဲ့စဉ်ကမရရှိကြောင်း၊ အုန်းပင်တစ်ပင် လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် အုန်းပင်အတွက် အသိမ်းခံရသည့် အုန်းခြံမြေပိုင်ရှင်တချို့မှလျှာ်ကြေး ရရှိကြခြင်းများလည်းရှိသည်ဟု၎င်းမှဆက်လက်ပြောကြားသည်
ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေး ကော်မတီဝင်ဦးမျိုးမြင့်သည် နစ်နာနေသည့်တောင်သူ၂၄၈ဦးထဲတွင်တစ်ဦးပါဝင်နေပြီး ၎င်းကိုယ်တိုင်နစ်နာတာသိနေလို့ တောင်သူများဆန္ဒပြနေခြင်းမှာ တကယ်နစ်နာတာသိရှိကြောင်း အဆိုပါဟိုတယ်များကို စည်ပင်ကအသစ်ထက်မဆောက်ရန်ညွန်ကြားထားကြောင်း ဆိုသည်
"ငွေဆောင်ကမ်းခြေ ဒေသခံ၂၄၈ဦးကိုယ်စား ကိယ်စာလှယ်တွေက ဟိုတယ်အသစ်ထက်မဆောက်ရန်နှင် သူတို့လျော်ကြေး ပြန်ရရေးအတွက် တောင်းဆိုတဲ့အခါ ညှိနှိုင်း ဖြေရှင်း မှူမရှိကြလို့ခုလိုဆန္ဒပြဖော်ထုတ်တယ်လို့မြင်သည်"ဟု ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေး ကော်မတီဝင်ဦးမျိုးမြင့်ကတိုင်းဧရာကိုပြောသည်
သိမ်းဆည်းထားသောမြေ များပြန်လည် ရရှိရေး၊ သိမ်းဆည်းထားသော မြေများ လျှော်ကြေးရရှိရေး၊ ဟိုတယ် အတွင်း အဆောက်အအုံ အသစ်များ မဆောက် ရေး ၊ မြေယာ စိစစ်ရေး ကော်မတီ၏ စီစစ်ချက် ကို အမြန်အကောင်အထည်ဖေါ် ပေးရေး ၊ပြည်သူများ၏ ကန့်ကွက်ချက်များ အလေးထားရေး စသည့် ဆိုင်းဘုတ်များ ကို ကိုင်ဆောင် ၍ လှည်လှည် ကြွေးကြော် ဆန္ဒဖေါ်ထုတ်ကြသည်ဟုသတင်းရ ရှိသည်
ရွှေရည်ဝင်း
ငွေဆောင်ကမ်းခြေရှိ မြေသိမ်းခံရသည့် ဒေသခံများ ဆန္ဒဖော်ထုတ် တောင်းဆို
Reviewed by timeayeyar
on
5:54 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment