Latest News

Friday, January 12, 2018

ဖြူးမြို့ အနောက်ဘက် ၁၇ မိုင်ခန့်အကွာကိုဗဟိုပြုကာ အင်အားရစ်ချက်စကေး ၆.ဝ ရှိ ငလျင်လှုပ်ခတ် ဆည်တမံများထိခိုက်မှုမရှိ

ဖြူးမြို့ အနောက်ဘက် ၁၇ မိုင်ခန့်အကွာကိုဗဟိုပြုကာ အင်အားရစ်ချက်စကေး ၆.ဝ ရှိ ငလျင်လှုပ်ခတ် ဆည်တမံများထိခိုက်မှုမရှိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာရှိ ဖြူးချောင်းတမံနှင့် ကွန်းချောင်းတမံအကြားကိုဗဟိုပြု၍ ဇန်နဝါရီ ၁၂ ရက်နေ့ နံက် ၁၂ နာရီ ၅၇ မိနစ် ၂၃ စက္ကန့်အချိန် တွင် ပြင်းအားရစ်ချက်စကေး ၆.ဝ ရှိ ငလျင်တစ်ခုလုပ်ခတ်ခဲ့ပြီး ပြင်းအား ၅.၈ နှင့် ၅.၃ ရှိ နောက် ဆက်တွဲ ငလျင်များဆက်လက်လှုပ်ခတ်သွားခဲ့ကြောင်းသိရသည်။''ကျွန်တော်တို့ ဖြူးမြို့နယ်က ဖြူးချောင်း တမံနဲ့ ကွန်းချောင်းတမံကြားကို ဗဟိုပြုပြီးတော့လှုပ်တာ အတော့်ကိုပြင်းတယ် ဒါပေမဲ့ ထိခိုက်ပျက်စီးမှု မရှိပါဘူးဟု ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ကပြောကြားသည်။ငလျင်လှုပ်ခတ်မှုကို ဖြူးမြို့ နယ်၊ အုတ်တွင်းမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ညောင်လေးပင်မြို့နယ်များတွင် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရပြီး စစ်ကိုင်း-ရန်ကုန်ငလျင်ပြတ်ရွှေ့ကြောတွင်ပါဝင်သည့် ဒေသများဖြစ်သည့်အလျောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများရှိနိုင်သည့်အတွက် သတိပြုနိုင်ရန် သက်ဆိုင်ရာဌာနများကသတင်း ထုတ်ပြန်ထားသည်။ယနေ့မွန်းလွဲပိုင်း၌ ပဲခူးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ရှိန်၊ ဦးစီးအရာရှိများပါဝင်သော တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံ၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရေသိုး၊ မင်းရဲရေလှောင်တမံများနှင့်ဖြူးမြို့ နယ် အတွင်းရှိ ငမြွေရေလှောင်တမံများအား ဆည်တမံတစ်ခုချင်းအလိုက် တမံ၊ရေထိန်းမျှော်စင်၊ရေပိုလွှဲနှင့်ရေထုတ်ပြွန်အတွင်းပိုင်းအထိ ဝင်ရောက်၍ စစ်ဆေးခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိသည့်အတွက် ဒေသေခံပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကိုလွင်(ဆွာ)မြန်​မာ့အလင်း

No comments:

Post a Comment