Latest News

Friday, January 12, 2018

ဝမ်းတွင်းမြို့နယ်ဆည်ရွာကျေးရွာတွင်လျှပ်စစ်မီးလင်း၍ ပြည်သူများဝမ်းသာလျှက်ရှိ

ဝမ်းတွင်းမြို့နယ်ဆည်ရွာကျေးရွာတွင်လျှပ်စစ်မီးလင်း၍ ပြည်သူများဝမ်းသာလျှက်ရှိ

 မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုဆည်ရွာတွင်နိုင်ငံတော်အတိုင် အတိုင်ပင်ခံပုဂ္ဂိုလ်၏စီစဉ်မှု့ဖြင့်ကျေးရွာလျှပ်စစ်မီးလင်းနေပြီးဖြစ်၍ကျေးရွာအတွင်းရှိပြည်သူများဝမ်းသာလျက်ရှိ ကြောင်းသိရသည်။

 ၇.၈.၂၀၁၇ ရက်နေ့က ၀မ်းတွင်းမြို့နယ် မြေတိုင်ခံကျေးရွာတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ငြိမ်းချမ်းရေးခရီးစဉ်တွင် အတိုင်ပင်ခံ၏စီစဉ်မှု့ဖြင့်အလှူရှင်တစ်ဦး၏လှူ ဒါန်းငွေသိန်း(၂၀၀)ကျပ်ဖြင့် ဆည်ရွာကျေးရွာတွင်လိုအပ်လျက်ရှိသော(၄၀၀)ဗို့ဓာတ်အားလိုင်းများတည် ဆောက်ပြီးစီး၍ လျှပ်စစ်မီးအိမ်တိုင်းမီးလင်းနေပြီဖြစ်သည်။

 ဆည်ရွာကျေးရွာသည်အိမ်ခြေ(၁၇၅)အိမ်၊လူဦးရေ(၈၅၀)ဦးရှိပြီးလျှပ်စ်မီးရရှိလာပြီဖြစ်၍် ကျေးရွာအနေ ဖြင့် ကျေးလက်လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်လာကာလူနေမှု့အဆင့်အတန်းမြင့်မားလာမည်ဖြစ်၍ပြည်သူများဝမ်း သာလျှက်ရှိကြောင်းသိရသည်။ဌေးလှိုင်(၀မ်းတွင်း)မြန်​မာ့အလင်း

No comments:

Post a Comment