Latest News

Friday, January 12, 2018

ထီးချိုင့်​မြို့နယ်​ရှိနီကယ်​စက်​ရုံမီး​လောင်​မှု့ဖြစ်​ပွားခဲ့

ထီးချိုင့်​မြို့နယ်​ရှိနီကယ်​စက်​ရုံမီး​လောင်​မှု့ဖြစ်​ပွားခဲ့

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ထီးချိုင့်​မြို့နယ်​ရှိနီကယ်​စက်​ရုံဝင်းအတွင်း၌၁၁၊၁၊၁၈ ရက်​​နေ့ည​နေ ၃
နာရီအချိန်​တွင်​မီး​လောင်​မှု့ဖြစ်​ပွားခဲ့​ကြောင်းသိရပါသည်​။
ဖြစ်​စဉ်​မှာထီးချိုင့်​မြို့နယ်​၊​မောင်းကုန်း​ကျေးရွာ၊​​​တ​ကောင်း​တောင်​​နီကယ်​စက်​ရုံဝင်းရှိ​ရေပူ​ရေ​အေးလဲလှယ်​ကန်​အား
ပြုပြင်​ရန်​ဝရိန်​​ဆော်​ရာမှမီး​လောင်​မှု့ဖြစ်​ပွားခဲ့ရာ​ရေပူ​ရေ​အေးလဲလှယ်​ကန်​ ၃၅×၃၅​ပေကိုမိုးထား​သောဖိုင်​ပါပြား
အားလုံးနီးပါးမီး​လောင်​ကျွမ်းသွား​ကြောင်းသိရပါသည်​။
အဆိုပါမီး​လောင်​ရာ​နေရာသို့စက်​ရုံအတွင်းရှိမီးသတ်​ယာဉ်​ ၂ စီးနှင့်​စက်​ရုံလုပ်​သားအင်​အား ၅၀ တို့မှဝိုင်းဝန်း
ငြိမ်းသတ်​ခဲ့ရာ ည​နေ၃နာရီ၃၀အချိန်​တွင်​မီးငြိမ်းသွားကြောင်းသိရပါသည်​၊မီး​လောင်​မှု့​ကြောင့်​လူတစ်​ဦးတစ်
ယောက်​မျှထိခိုက်​ဒဏ်​ရာ မရရှိခဲ့​ကြောင်းလည်းသိရှိရပါသည်​။
နီကယ်​စက်​မှသံဂ​ဟေဆက်​ဝန်​ထမ်း ​နော်​လင်း၊ကုမ္ပဏီဝန်​ထမ်း၊မဲဟင်း​ကျေးရွာထီးချိုင့်​မြို့နယ်​​နေသူအားထီး
ချိုင့်​မြို့မရဲစခန်းမှဥပ​ဒေအရအ​ရေးယူ​ဆောင်​ရွက်​ထားကြောင်းနီကယ်​စက်​ရုံလုံခြုံ​​ရေးရဲကင်းမှူးရဲအုပ်​​ကျော်​တင်
မှ​ပြောပြသိရှိရပါသည်​။လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment