Latest News

Sunday, January 7, 2018

မော်​​တော်​ယာဉ်​အားရပ်​တန့်​စစ်​​ဆေးရာမှစိတ်​ကြွ​ဆေး တစ်​သိန်း​ကျော်​သိမ်းဆည်းရမိ

မော်​​တော်​ယာဉ်​အားရပ်​တန့်​စစ်​​ဆေးရာမှစိတ်​ကြွ​ဆေး တစ်​သိန်း​ကျော်​သိမ်းဆည်းရမိ


ကရင်​ပြည်​နယ်​ ဘားအံမြို့နယ်​ ဘင်​ဂျီ​ကျေးရွာအုပ်​စု ဘုရင့်​ညီ​နောင်​ဂူမှဒ်​ဝတွင်​ ​မော်​​တော်​ယာဉ်​အားရပ်​တန်းစစ်​​ဆေးရာမှ စိတ်​ကြွ​ဆေးပြား တစ်​သိန်း​ကျော်​ကိုသိမ်းဆည်းရမိခဲ့​ကြောင်း ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့မှူးရုံးကသတင်းရရှိသည်

ဖြစ်​စဉ်​မှ ပြည်​နယ်​အကူတပ်​ဖွဲ့ခွဲမှူးရုံး မှုခင်​အကူဌာနစု ဒုရဲအုပ်​ ​အောင်​​ကျော်​သူ ဦးစီးပြီးမှုခင်​နှိမ်​နင်း​ရေးအဖွဲ့မှ ရဲအုပ်​သက်​စိုး နှင့်​တပ်​ဖွဲ့ဝင်​များပူ​ပေါင်းအဖွဲ့ အသိသက်​​သေများနှင့်​အတူ ဇန်​န၀ါရီ ၃ ရက်​​နေ့ ၁၁ နာရီအချိန်​ခန့်​က သထုံမြို့ဘက်​မှ ဘုရင့်​ညီ​နောင်​ဂူဘက်​သို့​ နန်းဘိုင်​ခမ်း(၅၃)နှစ်​ မောင်းနှင်းသည့်​ MARK 2 အဖြူ​ရောင်​ယာဉ်​အားရပ်​တန်​စစ်​​ဆေးရာယာဉ်​​ရှေ့ခန်းနှင့်​​နောက်​ခန်းအတွ င်းတို့မှ ​စိတ်​ကြွရူသွပ်​​ဆေးပြား ၁၆၁၀၀၀ ပြားစုစု​ပေါင်းကာလတန်းဖိုး​ငွေကျပ်​သိန်း ၄၈၃၀၀၀၀၀၀ ကိုသိန်းဆည်းရမိခဲ့သည်​။

မှူးယစ်​​ဆေးဝါးများသယ်​​ဆောင်​လာသူ နန်းဘိုင်​ခမ်း (၅၃)နှစ်​ လာရှိုင်းမြို့ ​နေသူအားဘားအံမြို့မရဲစခန်း ကအမှုဖွင့်​အ​ရေးဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ထားရှိ​ကြောင်းသိရသည်​။

မှုးယစ်​​ဆေးဝါးများနှင့်​ပတ်​သက်​၍စစ်​​ဆေးမေးမြန်​ရာ နန်းဘိုင်​ခမ်း မှဌားရမ်းထား​သောရန်​ကုန်​မြို့ သင်္ဃန်းကျွန်းမြို့နယ်​ သုဝဏ္ဏ ၂၉ ရပ်​ကွက်​ အမှတ်​(၂၀၃)တွင်​ မှုယစ်​​ဆေးဝါးများကျန်​ရှိ​နေ​သေ​ကြောင်းသိရသဖြင့်​ ပူပေါင်းအဖွဲ့နှင့်​သင်္ဃန်းကျွန်းမြို့နယ်​ သုဝဏ္ဏနယ်​​မြေရဲစခန်း ရဲအုပ်​ ချစ်​ကိုကို ဦးစီးအဖွဲ့နှင့်​အသိသက်​​စေများလိုင်​ပါပြီး သွား​ရောက်​ရှာ​ဖွေးရာ ၎င်း​နေအိမ်​ဘီရိုအတွင်းမှ စိတ်​ကြွရူသွပ်​​ဆေးပြား ၂၅၁၀၀ ပြားနှင့်​ ICE ဟုယူဆရ​သော အဖြူ​ရောင်​အခဲအ​လေးချိန်​ ၈၆၀ဂရမ်​တိုကိုထပ်​မံသိမ်းဆည်းရမိခဲ့ ​ကြောင်းသိရသည်​။မင်းထွန်း​ဇော်​(မြန်​မာ့အလင်း)

No comments:

Post a Comment