Latest News

Sunday, January 7, 2018

မြစ်ကြီးနားမြို့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိ

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ဇန်နဝါရီ၅ရက် ည၁၀နာရီခန့်က တရားမဝင်ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသည့် UD အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ဖမ်းဆီးရမိကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ကချင်ပြည်နယ်မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ထွန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးယောဆက်နော်မိုင် ဦးစီးဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့သည် တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့်သတင်းအရ မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံမြောက်နယ်မြေ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်၌ စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုန်နယ်မြေနေ စံဝင်းမောင်(ခ)ကတုံး ၂၅ နှစ်မောင်းနှင်ပြီး စိုးမြတ်ထွန်း ၁၉ နှစ်လိုက်ပါလာသည့် UD အမျိုးအစား ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၉၆၈၅ ချောင်း၊၁၂ ဒဿမ ၃၇၆၄ တန် ကာလတန်ဖိုးငွေကျပ် ၅၅၆၉၃၈၀ အားသိမ်းဆည်းရမိကြောင်း သိရသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ စံဝင်းမောင်(ခ)ကတုံးနှင့် စိုးမြတ်ထွန်းတို့နှစ်ဦးအား မြစ်ကြီးနားမြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)
 

No comments:

Post a Comment