မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ အထူးတန်းပွဲကြည့်စင် တည်ဆောင်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း မလှိုင်မြို့နယ် အာကစားနှင့် ကာယပညာဦးစီးဋ္ဌာန လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်ထံမှ သိရှိရသည်။
"ကျနော်တို့ အုတ်စီလုပ်ငန်းတွေဆို နောက်တစ်ပါတ်လောက်ဆိုပြီးစီးပါပြီ။ကျွန်တော် လုပ်ငန်းလက်ခံတာ ၂၀၁၇ နိုဝင်ဘာ ၁၁ ရက်နေ့က ပေါ့နော်။၂၀၁၇ နိုဝင်ဘာ ၁၂ရက်နေ့က စတင်လုပ်ကိုင်ခဲ့တာပါ။ယခင် ပွဲကြည့်စင်ဟောင်းကျု ဖျက်တာလည်းပါတယ်ပေါ့နော်။အခု ဆောက်လုပ်ရေးကို အဆက်မပျက်လုပ်လာတာ ၅၀ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ" ဟု မလှိုင်မြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ အထူးတန်းပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်နေသော ATအားသစ် မန္တလေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးသက်ဆွေဦးမှ ဆိုသည်။
မလှိုင်မြို့နယ် မြို့မအားကစားကွင်းအတွင်းတည်ရှိသော ယခင်ပွဲကြည့်စင်မှ ပေ ၄၀×၂၀ ခန့်မျှသာ ကျယ်ဝန်းပြီး လူဦးရေ သုံးဆယ်ဦးကျော်ခန့်သာ ဝင်ဆန့်ခြင်းကြောင့် ပွဲကြည့်စင်ဟောင်းအား ဖယ်ရှားပြီး( ပေ ၁၀၀×၂၅ပေ×၁၈ပေ ) ရှိသော သံကူကွန်ကရစ်အထူးတန်းပွဲကြည့်စင်အဖြစ် တည်ဆောက်လျက်ရှိသည်။
သံကူကွန်ကရစ် တည်ဆောက်ခြင်းလုပ်ငန်းအား မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယာပညာဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေ ငွေကျပ် ၇၁.၂၅ သန်းဖြင့် တည်ဆောက်စေပြီး လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် ATအားသစ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ယခုအချိန်တွင် ဆောက်လုပ်ခြင်းလုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းကျော်ခန့် တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ဘိုဘို(မလှိုင်)
No comments:
Post a Comment