Latest News

Sunday, January 7, 2018

ပြည်ပခရီးသွားများစတင်လည်ပတ်စပြုနေပြီဖြစ်သည့်ညောင်ချောင်းသာကမ်းခြေအပန်းဖြေစခန်း

ပြည်ပခရီးသွားများစတင်လည်ပတ်စပြုနေပြီဖြစ်သည့်ညောင်ချောင်းသာကမ်းခြေအပန်းဖြေစခန်း

ရန်ကုန်မြို့နှင့်    အလှမ်းမဝေးလှ သည့် မော်တော်ကားလမ်း  ၃၄ မိုင်သာရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းက ညောင်တုန်းမြို့အနီး ရန်ကင်းစံရာကျေးရွာ၏ ဧရာဝတီ မြစ်ကမ်းဘေးတွင် လွန်ခဲ့သည့်ငါး နှစ်ခန့်မှစတင်၍ ပွင့်လင်းရာသီ တွင် သဘာဝ အလျောက်ဖြစ်ပေါ် လာသည့်  သဲသောင်ပြင်ကျယ်၏သဘာဝရှုခင်းအလှ      ဧရာဝတီ မြစ်နှင့် ပန်းလှိုင်မြစ်တို့ဆုံရာတွင် မြစ်၏       အကွေ့အကောက်ရေ စီးဆင်းမှုတို့က ရှုမငြီးဖွယ်မြင်ကွင်း များကြောင့် တစ်နှစ်ထက်တစ်နှစ် လူသိများ     ထင်ရှားလာသဖြင့် ၂ဝ၁၇  ခုနှစ် နိုဝင်ဘာလဆန်း ကပင်    လာရောက်အပန်းဖြေသူ များဖြင့်     စည်ကားလျက်ရှိနေ ကြောင်းသိရသည်။

၂ဝ၁၆ ခုနှစ်ကအပန်းဖြေစခန်း တွင် ဈေးဆိုင်ခန်းများ ဆောက်လုပ် နေရာချပေးခြင်း၊ အခြားဝန်ဆောင် မှု လုပ်ငန်းများကြီးကြပ်ခွင့်ပြုပေးခြင်းတို့အတွက် ရန်ပုံငွေရရှိထား ပြီးဖြစ်ကြောင်းနှင့် ရန်ပုံငွေများကို မြို့နယ်စည်ပင်သာယာလုပ်ငန်း များတွင်သုံးစွဲခြင်းမပြုဘဲ     ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့်သုံးစွဲကြောင်း မြို့နယ်စည်ပင် သာယာအမှုဆောင်     အရာရှိ ဦးညွန့်ဝင်းထံမှသိရသည်။

၂ဝ၁၃-ခုနှစ်မှတစ်နှစ်ထက် တစ်နှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ များ      တိုးမြင့်ရရှိလာသကဲ့သို့ ဒေသခံပြည်သူများမှာလည်းဈေးရောင်းဈေးဝယ်လုပ်ငန်းများအပြင် အပန်းဖြေစခန်းနှင့်ပတ်သက်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ကြောင့်    တစ်ချိန်ကထက်လူမှု စီးပွားမြင့်မားတိုးတက်နေကြောင်း သိခဲ့ရသည်။

ညောင်ချောင်းသာ အပန်းဖြေ စခန်းသို့ ၂ဝ၁၆ ခုနှစ် ပွင့်လင်း ရာသီတွင် လာရောက်အပန်းဖြေသူ များတွင် ပြည်တွင်းခရီးသွားများ အပြင် ပြည်ပခရီးသွားများလည်းစတင်လာရောက်လည်ပတ်နေပြီ ဖြစ်ကြောင်းနှင့် သင်္ကြန်ရက်များ တွင်   အပန်းဖြေသူများ  သိန်းချီရှိ နေကြောင်း   ဒေသခံဈေးသည်များ ကပြောပြသည်။

ညောင်ချောင်းသာ အပန်းဖြေ စခန်းသို့ လာရောက်သည့်ဒေသ များမှာအထူးသဖြင့်ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အပန်းဖြေသူများနှင့်     နေချင်း ပြန်လာရောက်လည်ပတ်  အပန်း ဖြေသူများဖြစ်ကြကြောင်း     သိရ သည်။    အနယ်နယ်   အရပ်ရပ်မှ ပတ်ဝန်းကျင်ရှိ ဇလွန်မြို့နှင့်ဓနုဖြူ မြို့များမှ တန်ခိုးကြီးဘုရားဖူးများ လာရောက်   အပန်းဖြေရာတွင်    ရန်ကင်းစံရာကျေးရွာနှင့်ညောင်တုန်း မြို့ရှိ တည်းခိုခန်းများတွင် တည်းခို နိုင်ကြောင်းသိရသည်။

သို့အတွက်   မြစ်ရေသန့်   သဲ သောင်ပြင်ကျယ်မှာ လမ်းလျှောက်၊ ရေချိုး၊     ရေချိုငါးပုစွန်အကင်နဲ့ အကြော်ဆိုင်များမှာ    ဝယ်ယူစား သောက်ပြီးလတ်ဆတ်သည့်ဒေသ ထွက်ကုန်      အသီးအနှံများ လက်ဆောင်အဖြစ်   ဝယ်ယူကာ ညောင်တုန်းမြို့အနီး၌   ရှိသည့်  ဓနုဖြူနှင့်ဇလွန်မြို့များမှသမိုင်းဝင် တန်ခိုးကြီးဘုရားများဖူးမြော်ရင်း ရန်ကုန်မြို့မှအပန်းဖြေလိုသူများ၊ ရပ်ဝေးဒေသများမှ     လာရောက် အပန်းဖြေလိုသူများသွားရေးလွယ် ပြီး    ပြန်ရေးမခက်သည့်အပြင် ငွေကုန်ကြေးကျမများလှသည့်
''ဧရာဝတီတိုင်းဒေသကြီးအတွင်း က     ညောင်ချောင်းသာကမ်းခြေ အပန်းဖြေစခန်း'' အား  အသိပေး ရေးသားလိုက်သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေပိုမိုရရှိရေး ခရီးသွားလုပ်ငန်း များ တိုးမြင့်ဆောင်ရွက်လျက်ရှိရာ ငါးနှစ်သက်တမ်းရှိနေပြီဖြစ်သည့် ညောင်ချောင်းသာကမ်းခြေအပန်း ဖြေစခန်းအား တာဝန်ရှိသူများ အနေဖြင့် ယခုထက်ဆွဲဆောင်မှု ရှိစေရန် လိုအပ်သည့်အစီအမံများ ကိုဆောင်ရွက်ပေးစေလိုကြောင်းဒေသခံများထံမှလည်း   ကြားသိခဲ့ ရသည်။  အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment