Latest News

Sunday, January 7, 2018

ပင်​လည်​ဘူးမြို့နယ်​အတွင်းမှတရားမဝင်​တမလန်းသစ်​ (၃၀)လုံးတင်​​ဆောင်​လာ​သောယာဉ်​ဖမ်းမိ

ပင်​လည်​ဘူးမြို့နယ်​အတွင်းမှတရားမဝင်​တမလန်းသစ်
  (၃၀)လုံးတင်​​ဆောင်​လာ​သောယာဉ်​ဖမ်းမိ

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ပင်​လည်​ဘူးမြို့နယ်
ပင်​လည်​ဘူး​ - ကောလင်းသွားကားလမ်းတွင်​ရပ်​ထား​သောယာဉ်​​ပေါ်မှတရားမဝင်​တမလန်းသစ်(၃၀)လုံးအား​ဖမ်းမိခဲ့​ကြောင်းသိရပါသည်​။

ဖြစ်​စဉ်​မှာ ၆၊၁၊၁၈ ရက်​​နေ့ည​နေ ၄ နာရီအချိန်​ခန့်​တွင်
ပင်​လည်​ဘူးမြို့နယ်​သစ်​​တောဦးစီးအရာရှိဦး​သော်​​မော်​ခန့်​​ခေါင်း​ဆောင်​သောသစ်​​တောဝန်​ထမ်းများသည်​သက်
သေများနှင့်​အတူပင်​လည်​ဘူး - ​ကောလင်းသွားကားလမ်း
ပင်​လည်​ဘူးမြို့အထွက်​တွင်​တရားမဝင်​တမလန်းသစ်​များတင်​​ဆောင်
ထား​သောယာဉ်​တစ်​စီးရပ်​ထား​ကြောင်းသတင်းအရသွား
ရောက်​ဖမ်းဆီးရာယာဉ်​အမှတ်​ ၂/ခ-၃၅၉၆နီဆန်းဒီဇယ်
၆ ဘီးယာဉ်​အားရှာ​ဖွေရာယာဉ်​​ပေါ်တွင်​တရားမဝင်​တမလန်းသစ်​(၃၀)လုံး၊၆.၃၈၉၂တန်​အားဖမ်းမိပြီးသစ်​ပိုင်​ရှင်​နှင့်​ယာဉ်​ပိုင်​ရှင်​မှာထွက်​​ပြေးတိမ်း​ရှောင်​​နေပြီးယာဉ်​​ပေါ်ရှိစာရွက်​စာတမ်းပါသစ်​ပိုင်​ရှင်​မှာ​ဇော်​မင်းထွန်းဖြစ်​​ကြောင်းသိရသဖြင့်​​ဇော်​မင်းထွန်းအားဖမ်းမိ​ရေးအတွက်​သက်​ဆိုင်​ရာအဖွဲ့အစည်းများဖြင့်​ပူး​ပေါင်း​ဆောင်​ရွက်​ထား​ကြောင်းသစ်​​တောဦးစီးအရာရှိဦး​သော်​​မော်​ခန့်​မှ​ပြောပြသိရှိရပါသည်​။ လူ​အောင်​(ကသာ)

No comments:

Post a Comment