Latest News

Sunday, January 7, 2018

ဂန္ထဝင်သီချင်းတွေ ပြန်လည်သီဆိုခြင်းက မူရင်းသီချင်းတွေရဲ့ရသကို ပျောက်အောင် လုပ်တာမဟုတ်ပါဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း

ဂန္ထဝင်သီချင်းတွေ ပြန်လည်သီဆိုခြင်းက မူရင်းသီချင်းတွေရဲ့ရသကို ပျောက်အောင် လုပ်တာမဟုတ်ပါဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း


ယနေ့အချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ ခေတ်ဟောင်း ဂန္ထဝင်တေးသီချင်းတွေကို   လူငယ်တေးသံရှင်များ ပြန်လည်ဆန်းသစ်သီဆိုခြင်းအပေါ်  လက်ခံသူများ ရှိသလို   မူရင်းရသပျောက်ပျက်သွားမှာ  စိုးရိမ်ကြသူ များလည်း ရှိပါတယ်။ ဒီလိုစိုးရိမ်နေကြတဲ့အပေါ်မှာ ပြန်ဆိုတေးတွေ  သီဆိုဖူးသူတစ်ဦးဖြစ်တဲ့  လူငယ် တေးသံရှင် ဖြူဖြူကျော်သိန်းက အခုလိုဖွင့်ဟပြောဆို ပါတယ်။

''ပရိသတ်တွေဘက်ကလည်း  ဂန္ထဝင်သီချင်း ကောင်းတွေကို ပြန်ဆိုထားတဲ့အပေါ်မှာ စိုးရိမ်ပူပန် တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမယ့် ဂန္ထဝင် အဆိုတော်ကြီးတွေဆိုခဲ့ကြတဲ့ ဂန္ထဝင်သီချင်းတွေရဲ့ ဗားရှင်းက ပျောက်မသွားပါဘူး၊  ဖြူဖြူတို့က ဗားရှင်း အသစ်ပြောင်းလိုက်တာပါ၊ အရင်  ဗားရှင်းတွေကို ဒီလောကကြီးထဲကနေ  ဖျောက်ဖျက်ပစ်လိုက်တာ မဟုတ်ပါဘူး၊ သီချင်းတစ်ပုဒ်က ဗားရှင်းအစုံလေးတွေ ရှိလာတဲ့ သဘောမျိုးပါပဲ၊   သီချင်းဟောင်းတွေကို ပြန်ဆိုရပြီဆိုရင်   ဖြူဖြူအနေနဲ့တော့   အဓိက ကိုယ်နဲ့လိုက်မယ့်သီချင်း၊ ကိုယ်ဆိုချင်တဲ့ သီချင်းတွေ ဆိုတာပါ၊ ဒါပေမယ့်   တစ်ခါတလေကျရင်လည်း ကိုယ်ကြိုက်တဲ့သီချင်းတိုင်းကို    ကိုယ့်နှလုံးသား ထဲကနေပြန်ထုတ်ပြီး ဆိုချင်မှဆိုတာပါ၊ ကိုယ်ကြိုက်တဲ့ သီချင်းတိုင်းကလည်း ကိုယ်နဲ့လိုက်ဖက်ချင်မှလိုက်ဖက် တာလေ၊ ဖြူဖြူပြန်ဆိုတေးတွေ ဆိုထားတဲ့အထဲက ဦးတိုးကြီးရဲ့   ဆည်းလည်းရှိုက်သံသီချင်းလေးကို လည်း အရမ်းကြိုက်တယ်၊ အဲဒီသီချင်းကို ပြန်ဆိုခွင့် ရတဲ့အတွက် အရမ်းဂုဏ်ယူတယ်၊ ကိုယ်ပြန်ဆိုထားတဲ့ ဗားရှင်းလေးကိုလည်း    သဘောကျပါတယ်'' လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ ယခုနှစ်အတွင်းမှာ နယ်ရှိုးပွဲတွေ သီဆိုဖျော်ဖြေသွားဖို့ရှိသလို တေးသံရှင် ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်တို့နဲ့တွဲဖက်ကာ  င်္သကမူေိပှ့သတ ပြုလုပ်သွားရန်လည်းရှိကြောင်း သိရပါတယ်။ ဌေးမမ

No comments:

Post a Comment