Latest News

Friday, January 26, 2018

မော်တင်စွန်းဘုရားကို ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်သိန်းပေါင်း တစ်သောင်းခွဲ ခန့် အကုန်ကျခံပြုပြင်မည်

မော်တင်စွန်းဘုရားကို ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်သိန်းပေါင်း
တစ်သောင်းခွဲ ခန့် အကုန်ကျခံပြုပြင်မည်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ နယ် တွင်တည်ရှိသော သမိုင်းဝင် မြတ်မော်တင်စွန်းဘုရားကို မြန်မာကျပ်ငွေ သိန်းပေါင်းတစ်သောင်းခွဲခန့် အကုန်ကျခံပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းအစိုးရအဖွဲ့  သာသနာရေးဝန်ကြီး ဦးကျော်မြင့်က တိုင်းဧရာကိုပြောသည်။

“ဘက်စုံပြုပြင်မွမ်းမံမှုက သုံးနှစ်တိတိလောက်လုပ်ရပါမယ် အားလုံး ဘက်စုံ ပြုပြင်မွမ်းမံမှုက သိန်းပေါင်းတစ်သောင်းခွဲလောက်ကုန်မယ်လို့  ဦးခင်ရွှေက ခန့် မှန်းထားပါတယ် “ဟု ၄င်းကပြောသည်။
မြတ်မော်တင်ရွှေထီးတော်ကိုလည်း လာမည့်ဖေဖော်ဝါရီလ(၁)ရက်နေ့ တွင် ထီးတော်သစ်တင်ပွဲပြုလုပ်ရန် အစိုးရအဖွဲ့ နှင့် ဦးခင်ရွှေတို့ ပူးပေါင်းဆောင်ရွက်နေသည်။

ရွှေထီးတောအသစ်ကိုရန်ကုန်မှဇန်န၀ါရီလ (၂၆)ရက်နေ့ တွင် ပင့်ဆောင်လာပြီး လတ်တလော ပုသိမ်မြို့ ရွှေမုဌောဘုရားတွင် ခေတ္တအပူဇော်ခံထားရှိထားသည်။

ရန်ကုန်မှသွားရောက်ပင့်ဆောင်ရာတွင် အစိုးရအဖွဲ့  ၀န်ကြီးချုပ် လွတ်တော် ဥက္ကဌနှင့် ၀န်ကြီးများဌာနဆိုင်ရာအဆင့်ဆင့်တာဝန်ရှိသူများလိုက်ပါပင့်ဆောင်ခဲ့ ကြသည်။

ဇေကမ္ဘာ ဦးခင်ရွှေ သည် မကြာသေးခင်က ထုတ်ပြန်လိုက်သော့  မြန်မာနိင်ငံရဲ့ အချမ်းသာဆုံး ဆယ်ဦးထဲတွင်တစ်ဦးအပါဝင်ဖြစ်သည်။မျိုးမင်းပိုင်

No comments:

Post a Comment