Latest News

Friday, January 12, 2018

ဘာစီလိုနာကို ပိုမိုအရောင်တင်ပေးနိုင်မယ့် ကော်တင်ညို

ဘာစီလိုနာကို ပိုမိုအရောင်တင်ပေးနိုင်မယ့် ကော်တင်ညို

ဘရာဇီးကွင်းလယ်တိုက်စစ်မှူး  ကော်တင်ညိုဟာ  လီဗာပူးအသင်းကနေ ဘာစီ လိုနာအသင်းကို ပေါင် ၁၄၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တယ်။  ဒီပြောင်းရွှေ့မှုဟာ ဘောလုံးသမိုင်းမှာတော့ ဒုတိယမြောက်တန်ကြေးအကြီးဆုံး ပြောင်းရွှေ့မှုလည်း ဖြစ်ပါတယ်။  စာချုပ်ကတော့ ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတဲ့ပြောင်းရွှေ့ကြေးကတော့ ပေါင် ၃၅၅ သန်း ဖြစ်ပါတယ်။ သူဟာ စွယ်စုံရကစားသမားတစ်ဦးဖြစ်တာကြောင့်လည်း  ဘာစီလိုနာအသင်းမှာ တော့နေရာစုံမှာ ကစားရဖို့အလားအလာရှိနေတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါ တယ်။ ဒါကြောင့် ကော်တင်ညိုအနေနဲ့  ဘာစီလိုနာအသင်းမှာတော့  ဘယ်လို နေရာတွေမှာကစားရဖို့ရှိနေသလဲ။ ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲဆိုတာ ကလည်း လူတိုင်းက သိချင်နေကြတဲ့အရာလို့ ပြောရမှာလည်း ဖြစ်ပါတယ်။
အင်နီယေစတာ၏နေရာဆက်ခံသူ
တကယ်တော့ကော်တင်ညိုဟာ အသက် (၃၃နှစ်)ရှိပြီဖြစ်တဲ့ အင်နီယေစတာရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဘာစီလိုနာအသင်းက နှစ်ရှည်ရည်မှန်းချက်နဲ့ ခေါ်ယူထားခြင်းခံရတဲ့သူ ဖြစ်ပါတယ်။  အဲဒါနဲ့ပတ်သက်ပြီှးုပျစသမအျ စပိန် ဘောလုံးရေးရာ ကျွမ်းကျင်သူဘယ်ဂူရီက   ''ကော်တင်ညိုဟာ   အင်နီယေစတာရဲ့ နေရာမှာဆက်ခံဖို့အတွက် ခေါ်ယူခဲ့တယ်ဆိုတာကတော့  သိသာပါတယ်၊ အခု အချိန်မှာတော့သူ့ကို အင်နီယေစတာနဲ့တော့ နှိုင်းယှဉ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါ ဘူး၊  အင်နီယေစတာဟာ   က္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်၊ ဒါပေမယ့် ဘာစီလိုနာက သူတို့နှစ်ဦးစလုံးကိုအဆင်ပြေသလို ထားသုံးသွားမှာပါ''လို့လည်း ပြောဆိုခဲ့ပါတယ်။
ကော်တင်ညိုဟာ ဒီနှစ်ရာသီမှာတော့ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားဖို့က မဖြစ်နိုင်ပါဘူး။  ဒါကြောင့်လည်း  နည်းပြ  ဗယ်လ်ဗာဒီ ကတော့ ကော်တင်ညိုကို ပြည်တွင်းပြိုင်ပွဲတွေမှာ အဓိကထားအသုံးပြုသွားဖို့ရှိ တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း ကော်တင်ညိုဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ တော့ ဘတ်စကွတ် သို့မဟုတ် ပေါ်လင်ညို၊ ရာကီတစ်တို့နဲ့ တွဲဖက်ကစားရဖို့ရှိ နေနိုင် ပါတယ်။  ဒါပေမယ့် ဘာစီလိုနာအသင်းအနေနဲ့သူ့ကို  ကွင်းလယ်ကစားသမား တစ်ဦးအနေနဲ့ လက်ခံကစားခိုင်းဖို့ရှိနေတယ်လို့တော့ ကံသေကံမ ပြောလို့မရပါဘူး။  သူ့ရဲ့အရည်အချင်းနဲ့နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကတော့ ကွင်းလယ်ကစား သမားတစ်ဦးထက်သာတယ်လို့ ပြောရမှာပါ။
ကောင်တင်ညိုရဲ့  အရည်အချင်းတွေအရ   ပြောရမယ်ဆိုရင်  သူဟာ  ဘာစီလိုနာ အသင်းမှာ   လအနည်းငယ်အတွင်းမှာပဲ အသားကျကစားနိုင်မှာ သေချာပါတယ်။ သူရောက်လာတဲ့အတွက်     အင်နီယေစတာအနေနဲ့   နေရာပျောက်သွားစရာ ရှိလာနိုင်တယ်လို့  ခန့်မှန်းရပေမယ့်  သူ့ရဲ့အရည်အချင်းကောင်းတွေက  လက်ရှိ အချိန်အထိ လက်ခံစရာရှိနေပါသေးတယ်။ ဒါပေမယ့် အင်နီယေစတာဟာ ဘာစီလိုနာ အသင်းမှာတော့ ပွဲတိုင်းပါဝင်ကစားနိုင်ဖို့အတွက် မဖြစ်နိုင်တော့ဘူးဆိုတာကတော့ ငြင်းလို့မရတဲ့အခြေအနေတစ်ခု  ဖြစ်ပါတယ်။  ဒါပေမယ့်  အင်နီယေစတာဟာ ကော်တင်ညိုအနေနဲ့ ဘာစီလိုနာအသင်းမှာ အသားကျကစားနိုင်ဖို့အတွက် ကူညီ ပေးနိုင်တဲ့ အဓိကကစားသမားတစ်ဦးအဖြစ်လည်း ရှိလာနိုင်ပါတယ်။
မက်ဆီကို ပံ့ပိုးပေးနိုင်သူ
ဘာစီလိုနာ  အသင်းနည်းပြ ဗယ်လ်ဗာဒီဟာ တစ်ခါတစ်ရံမှာ  ရှေ့တန်း တိုက်စစ်ပိုင်းမှာ မက်ဆီနဲ့  ဆွာရက်ဇ် တို့ကိုထားသုံးပြီး   သူတို့ နှစ်ဦးနောက် မှာတော့   ကော် တင်ညိုကို ထားသုံး နိုင်ပါတယ်။ အဲဒီနေရာ ဟာ နံပါတ် ၁ဝျွသူန နေရာလို့တော့     အတိ အကျပြောလို့    မရသလို  တဖြည်းဖြည်းနဲ့   အသုံးပြု သွားနိုင်တယ်    လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလိုသာ ကစားခိုင်းခဲ့မယ် ဆိုရင်   ကော်တင်ညိုဟာ တိုက်စစ်မှူး မက်ဆီဂိုးသွင်း ယူနိုင်ဖို့အတွက် နီးကပ်စွာ ပိုမိုကူညီပေးနိုင်ဖို့  ရှိနိုင်ပါ တယ်။
ဒါမှလည်း ကော်တင် ညို ရောက်ရှိလာခဲ့ခြင်း ဟာ မက်ဆီအတွက်တော့  အကျိုး  ကျေးဇူးများစွာ ရှိတယ်လို့  ပြောရမှာပါ။ ကော်တင်ညိုဟာ  ဘာစီ လိုနာ   အသင်းမှာတော့ မက်ဆီဂိုးတွေ ပိုမိုသွင်းယူ ပေးနိုင်ဖို့အတွက်   ကူညီ ပေးနိုင်သလို   ပြိုင်ဘက် ကစားသမားတွေအတွက် တော့      ကြောက်စရာ အကောင်းဆုံးတိုက်စစ်မှူး အဖြစ် တွေ့မြင်ရဖို့ရှိနေတဲ့ သူလို့လည်း ပြောရမှာပါ။
ဘာစီလိုနာ၏ တိုက်စစ်ပိုင်းတွင်ပါဝင်နိုင်သူ
ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာတော့ လီဗာပူးအသင်းမှာ ကစားခဲ့စဉ် ကလို တောင်ပံတိုက်စစ်နေရာကနေ ကစားဖို့လည်းရှိလာနိုင်ပါတယ်။ လက်ရှိအချိန် မှာ ဒမ်ဘာလီဟာ  ဒဏ်ရာကပြန်လည်ကောင်းမွန်နေပြီဆိုပေမယ့်  အသင်းမှာ အပြည့်အဝ ပါဝင်ကစားနိုင်ဖို့ကတော့ မသေချာသေးတဲ့ကစားသမားလို့  ပြောရမှာ ပါ။ ကော်တင်ညိုကတော့ရှေ့တန်း သုံးယောက်အနေနဲ့သာမက ဒမ်ဘီလီပြန်ကစား နိုင်တဲ့အချိန်ဆိုရင်တောင် တိုက်စစ်ပိုင်းမှာ လေးဦးအနေနဲ့ ကစားနိုင်ဖို့လည်းရှိလာ နိုင်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ လိုအပ်မယ်ဆိုရင်နေရာစုံ မှာ ကစားနိုင်စွမ်းရှိတဲ့ ကော်တင်ညိုကတော့ ရှေ့တန်းတိုက်စစ်ပိုင်းမှာ လည်း တွေ့မြင်ရဖို့ရှိနေပါတယ်။
ကောက်ချက်ဆွဲခြင်း
ဘယ်လိုနေရာမျိုးမှာကစားကစား ကော်တင်ညိုလို ကစားသမားအတွက်ကတော့ ဘယ်လိုအခြေအနေ ဖြစ်ဖြစ်  အေးအေးဆေးဆေးလို့သာ ပြောရမှာပါ။ ကော်တင်ညိုကိုခေါ်ယူဖို့ဆိုရင်လည်း မက်ဆီ၊ ဆွာရက်ဇ်တို့ရဲ့ တောင်းဆိုမှုဖိအားတွေကြောင့် ပိုမိုခေါ်ယူဖြစ်ခဲ့တယ်လို့လည်း ပြောရမှာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကလည်း သူတို့ နှစ်ဦးစလုံးက  အသင်းအနေနဲ့  ချန်ပီယံလိဂ် ကို   စိန်ခေါ်နိုင်ဖို့ဆိုရင်  အသင်းအနေနဲ့ ထိပ်တန်းစူပါစတားကစားသမားတစ်ဦး ကိုခေါ်ယူဖို့အသင်းကို ပြောဆိုထားခဲ့တာ လည်းဖြစ်ပါတယ်။      ဒါကြောင့်လည်း ကော်တင်ညိုရဲ့     အရွေ့ဟာ     မက်ဆီ၊ ဆွာရက်ဇ်တို့အတွက်သာမက ဘာစီလိုနာ အသင်းအတွက်တော့   အကောင်းမွန်ဆုံး အားဖြည့်မှုတစ်ခုအဖြစ်   တွေ့မြင်ရဖို့ရှိတယ် လို့သာ ပြောရမှာပါ။     ​အောင်​က(မြန်​မာ့အလင်း)

No comments:

Post a Comment