နေပြည်တော် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ် ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် မိုင်းရှူးမြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ မိုင်းရှူး-တန့်ယန်းသွား ကားလမ်းပေါ်၌ စံလူ(ဘ)ဦးလုံးခမ်း မောင်းနှင်လာသည့် REVO အမျိုးအစား လိုင်စင် မဲ့ယာဉ်အမှတ်၊ 7G----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ် နိုင်ငံသား အားလီ(ဘ) ကျောက်ချော်နှင့် မြန်မာနိုင်ငံသားများဖြစ်သည့် စိုင်းထွန်းဆွေ(ဘ) ဦးဟာနော်၊ စိုင်းစံထွန်း(ဘ)ဦးလုံးခမ်းနှင့် လောက်အေး(ဘ) ဦးယွမ်ခမ်းတို့သုံးဦးအား ဖုန်းတစ်လုံး၊ တရုတ်စာသားပါ ကတ်ြ ပားတစ်ခု၊ အသံဖမ်းစက်တစ်လုံး၊ ကျောက်ကြည့် ဓာတ်မီးတစ်လက်နှင့် မြန်မာငွေကျပ် ၁ဝ သိန်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့်ဆက်စပ် ပစ္စည်းများအား တန့်ယန်းမြို့နယ်ရဲစခန်း၌ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။(MWD)
No comments:
Post a Comment