Latest News

Thursday, January 25, 2018

မော်ကျွန်း-စော်ကဲမြစ်ကူး တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်

မော်ကျွန်း-စော်ကဲမြစ်ကူး တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာပြည် အရပ်ရပ်သို့ ဆက်သွယ် သွားလာနိုင်သော အရေးပါ သည့် မော်လမြိုင် ကျွန်းမြို့နယ် စော်ကဲ မြစ်ကူးတံတားကို တံတား တည်ဆောက်ရေး အဖွဲ့အမှတ်(၂) ညွှန်ကြားရေးမှူး ဦးဌေးဦးနှင့် အင်ဂျင်နီယာအဖွဲ့တို့က စက်ယန္တရားများဖြင့် တည်ဆောက်ရေး လုပ်ငန်းခွင် ဆောင်ရွက်လျက်ရှိသည်။

ယင်းစော်ကဲ မြစ်ကူးတံတားသည် မော်လမြိုင်ကျွန်းမြို့နှင့် တစ်ဆက်တည်း ဂျုံးဂျုံးကျ ချောင်းကူး တံတားမှ ၃ မိုင်ကျော်ကွာဝေးသော နေရာတွင် တည်ရှိပြီး စော်ကဲရွာမနှင့် မြို့ချောင်း ကျေးရွာကို ဖြတ်သန်း ဆောက်လုပ်သည့် မြစ်ကူးတံတားဖြစ်ရာ ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့မှ မြန်မာပြည် အရပ်ရပ်သို့ သွားရောက်နိုင်သည့် အဓိက အရေးပါသော မြစ်ကူးတံတားဖြစ်ပြီး မော်လမြိုင် ကျွန်းမြို့မှ ဝါးခယ်မ-မြောင်းမြ-လပွတ္တာနှင့် ပုသိမ်မြို့တို့သို့ ဆက်သွယ် သွားလာနိုင်မည့်အပြင် ပင်လယ်ပိုင်းဒေသ မော်ကျွန်း-လှိုင်းဘုန်း-ပြင်စလူမြို့တို့သို့ တိုက်ရိုက် ဆက်သွယ် သွားလာနိုင်သော မြစ်ကူးတံတား ဖြစ်သည်။

အဆိုပါ မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူး တံတားသည် တံတားအရှည်ပေ ၂၄၆ဝ၊ တံတား အကျယ်ပေ ၃ဝ၊ ကားလမ်း အကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄ဝ၊ လူသွားလမ်းတစ်ဖက် ၃ ပေစီရှိကာ သံကူ ကွန်ကရစ် သံပေါင် အမျိုးအစား မြစ်ကူးတံတား ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment