Latest News

Thursday, January 25, 2018

အနုပညာနှင့် ပတ်သက်သော အမှားများကို ပြင်ဆင်ရန် ကြိုးစား နေသည့်ခန့်စည်သူ

အနုပညာနှင့် ပတ်သက်သော အမှားများကို ပြင်ဆင်ရန် ကြိုးစား
နေသည့်ခန့်စည်သူ

ယခင်က ဇာတ်ကားတချို့ကို အရည်အသွေး စိစစ်ရိုက်ကူးမှု မလုပ်နိုင်သဖြင့် ပရိသတ်များကို ပေးခဲ့သည့် အနုပညာများနှင့် ပတ်သက်၍ ရိုးသားစွာ မှားခဲ့ကြောင်း သရုပ်ဆောင်ခန့်စည်သူက ပြောသည်။ ''ကျွန်တော် အရင်က ပရိသတ်တွေကို ပေးတဲ့ အနုပညာနဲ့ပတ်သက်ပြီး ရှက်ရွံ့တာ မရှိပါဘူး။ ကျွန်တော်မှားခဲ့တယ် ဆိုရင်လည်း လိမ်လည် လှည့်ဖြားပြီး မှားခဲ့တာ မဟုတ်ပါဘူး။ ရိုးသားစွာ မသိလို့ မှားခဲ့တာပါ။ ဒါကို ခွင့်လွှတ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ မသိလို့ မှားခဲ့တာလည်း အမှားပါပဲ။

အဲဒါကို ကျွန်တော် ဘာလုပ် ရမလဲဆိုတော့ သိအောင် ပြင်ဆင်ရမယ်။ သိအောင် ပြင်ဆင်ပြီး ဘယ်လိုလုပ်ရင် မှန်မလဲဆိုပြီး မှန်အောင် ကြိုးစားနေပါတယ်။ အမြဲကြိုးစားနေတာ အခုချိန်ထိပါပဲ။ နောက်တစ်ခုက အရိုးသားဆုံးက အကောင်းဆုံးပါပဲ။ ရိုးသားမှုက ဘယ်သူ့ဆီ မှာမဆို ရှိဖို့ လိုအပ်ပါတယ်'' ဟု ခန့်စည်သူက ပြောသည်။

ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသည့် ခန့်စည်သူကပရဟိတ လုပ်ငန်းများတွင် ကိုယ်ပါနှစ်၍ လုပ်ကိုင်လျက် ရှိကြောင်းနှင့် ပေးဆပ် လိုက်ရချိန် တွင် ပီတိက မည်သည့် အရာနှင့်မှ မလဲနိုင်ကြောင်း ခန့်စည်သူက ပြောသည်။ ၂ဝ၁၇ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သည့် ရုပ်ရှင် ဇာတ်ကားများတွင် ခန့်စည်သူ၏ ဇာတ်ကား အများအပြား ရုံတင်လာပြီး လက်ရှိတွင် ပွဲခံမယ်၊ သုံးရောင်ခြယ် ဇာတ်ကားတိုမှ ဇာတ်ကောင် စရိုက်များကို ပရိတ်သတ်များ အားပေး၍ တစ်ကြိုပေးခြင်း ခံနေရကြောင်း သိရသည်။ အမ်အမ်ကေ(MWD)

No comments:

Post a Comment