Latest News

Wednesday, January 17, 2018

မန်စီးတီး၏ ဆန်းချက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းမှု အဆုံးသတ်

မန်စီးတီး၏ ဆန်းချက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းမှု အဆုံးသတ်

မန်စီးတီးအနေဖြင့် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ပေါင်သန်း ၂ဝ အထက် ပိုမိုသုံးစွဲရန် ဆန္ဒမရှိသဖြင့် ဆန်းချက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အာဆင်နယ်က ဆန်းချက်ဇ်အတွက် ပေါင် ၃၅ သန်း ဈေးဆိုထားပြီး ဆန်းချက်ဇ်၏ အေးဂျင့်ကိုလည်း ပေါင် ၅ သန်း သီးသန့်ပေးချေရန် တောင်းဆိုထားမှု များကြောင့် မန်စီးတီးက အဆိုပါပမာဏလောက်အထိ သုံးစွဲရန် ဆန္ဒမရှိဖြစ်ခဲ့ခြင်းဖြစ်သည်။

နည်းပြ ဂွါဒီယိုလာ၊ ကလပ်အသင်းပိုင်ရှင် မူဘာရက်နှင့် စီနီယာတာဝန်ရှိသူများ တွေ့ဆုံအပြီးတွင် ဆန်းချက်ဇ် ကို ပေါင်သန်း ၂ဝ အထက်ဆိုပါက မခေါ်ယူတော့ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ အစောပိုင်းက ဆန်းချက်ဇ်ကို မန်စီးတီး၊ မန်ယူနှင့် လီဗာပူးတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသော်လည်း ယခုမူ ချယ်လ်ဆီးကပါ  ဆန်းချက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခုလို မန်စီးတီး၏ ပေါင်သန်း ၂ဝ အထက် အသုံးမပြုရန် ဆုံးဖြတ်ချက်ချခဲ့ပြီဆိုသော သတင်းကြောင့်  အာဆင်နယ်၏ ပေါင် ၃၅ သန်းတောင်းဆိုမှုကို ပေးချေမည်ဟု သဘောတူထားသော မန်ယူက ဆန်းချက်ဇ်ကို ရရှိနိုင်မည်ဟု တစ်ပြေးလာပြီဖြစ်သည်။ မန်စီးတီးမှာ ပြီးခဲ့သည့်နွေဈေးကွက်က ဆန်းချက်ဇ်ကို ပေါင်သန်း ၆ဝ ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့သော်လည်း  ယခုမူ ပေါင်သန်း၂ဝ အထက် သုံးစွဲရန် ဆန္ဒမရှိတော့ခြင်းဖြစ်သည်။

နည်းပြ ဝင်းဂါးက ဆန်းချက်ဇ်၏ အနာဂတ်ကို လာမည့် ၄၈ နာရီအတွင်း  ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဘုန်းမောက်အား အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး အတည်ပြုခဲ့ပြီးနောက်  ယခုလို  သတင်းများထွက်လာခြင်းဖြစ်သည်။ ဆန်းချက်ဇ်၏ အပြောင်းအရွှေ့မှာ ကာလအတန်ကြာကတည်းက သတင်းထွက်နေသော်လည်း အာဆင်နယ်ကလည်း လက်မလွှတ်လို ကစားသမားကလည်း ဆက်မနေလိုဖြစ်နေကာ မပြီးမပြတ်ဖြစ်နေခြင်းဖြစ်သည်။

မန်စီးတီးက တောက်လျှောက်ချိတ်ဆက်ခဲ့သလို မန်ယူ၊ လီဗာပူးတို့ကလည်း ဆန်းချက်ဇ် လုပွဲထဲ ဝင်လာပြန်ရာ အခြေအနေမှာ ပိုမို ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာခဲ့သည်။ သို့သော်  ယခုမူ ဝင်းဂါးက ''ဒီကိစ္စတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မယ့် မာစတာ မဟုတ်ဘူးဗျ။ ဒီနေ့ဖြစ်နိုင်ပေမယ့် မနက်ဖြန် နောက်တစ်ရက်မှာ ဖြစ်ချင်မှ ဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော် ဒီကိစ္စရပ်ကို နောက် ၄၈ နာရီအတွင်း ဆုံးဖြတ်ပါမယ်'' ဟု အတည်ပြုခဲ့သည်။မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment