မီးလောင်မှုဖြစ်ပွား
ရန်ကုန် ဇန်နဝါရီ ၁၆
ဆိပ်ကမ်းမြို့နယ် ဝါးတန်းဆိပ်ကမ်း မီးရထားကုန်တင်ကုန်ချဝင်းအတွင်း ကွန်တိန်နာယာဉ်တစ်စီး မီးလောင်မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်က ဆိပ်ကမ်းမြို့နယ် မော်တင်ယာယီဈေးရပ်ကွက် ဝါးတန်း လမ်း ဝါးတန်းမီးရထား ကုန်ရုံဝင်း အတွင်း၌ KERRY RESOURCES Transport ကုမ္ပဏီလီမိတက်ပိုင် ယာဉ်မောင်း ဦးစိုင်းလှမောင်(၅ဝ)နှစ် မောင်းနှင်လာသော ISUZUအမျိုးအစား(လိမ္မော်ရောင်) ၂၂ ဘီး ပေ ၄ဝ နောက်တွဲယာဉ်မှာ စက်နှိုး ထားစဉ် ဝိုင်ယာအပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ငွေကျပ် ၅၅ဝဝဝဝ ခန့်တန်ဖိုးရှိ တာယာသုံးလုံး၊ ဘက်ထရီနှစ်လုံး၊ ရှေ့လေကာမှန် တစ်ချပ်၊ ခေါင်းခန်းအတွင်းရှိ ဝိုင်ယာ နှင့် ကူရှင်များ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ ကျောက်တံတား မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်နှစ်စီးအပါအဝင် အခြားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်းလေးစီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ခုနစ်မိနစ်အကြာတွင် မီးငြိမ်းခဲ့ ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ် မောင်း ဦးစိုင်းလှမောင်အား ဆိပ်ကမ်းမြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ပွင့်သစ္စာ(ကြေးမှုံ)
No comments:
Post a Comment