Latest News

Sunday, January 7, 2018

မြန်မာ ထိုင်း အီရန် လာအို နိုင်ငံမှ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ရေးမြို့ ရွှေဆံတော်နှင့်စကားတောင်စေတီဗုဒ္ဓပူဇနိယပွဲတော်မှာ ထိုးကြမည်

မြန်မာ ထိုင်း အီရန် လာအို နိုင်ငံမှ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ရေးမြို့ ရွှေဆံတော်နှင့်စကားတောင်စေတီဗုဒ္ဓပူဇနိယပွဲတော်မှာ ထိုးကြမည်

မွန်ပြည်နယ် ရေးမြို့ ကျက်သရေဆောင် ဘုရားဖြစ်တဲ့ ရွှေဆံတော်စေတီ နှင့်စကားတောင်စေတီ၁၃၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်မှာ
မြန်မာ ထိုင်း  အီရန် လာအို မြန်မာ့ရိုးရာလက်ဝှေ့ပွဲ အထူးစိန်ခေါ်ပွဲတွေ ပါဝင်ထိုးကြမည်လို ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရပါတယ်
အထူးစိန်ခေါ်ပွဲတွေဖြစ်တဲ့  ရွှေခါးပတ်ချန်ပီယံ စောဂေါ်မူဒို မြန်မာ နှင့် ကီဘင်ဆိုလာမနီ အီရန်
ရွှေခါးပတ်ချန်ပီယံ မိုက်ရိုင်းလေး  ရွှေဖူးမြန်မာနှင့်ပုထိုင်း  ထိုင်း ရွှေရာမာဉ် မြန်မာ နှင့်  ဒွန်ဆန်ပေါင်  ထိုင်း
ရဲသွေးနီ တောင်ကလေးမြန်မာနှင့် ပတ်မွန်ချွှန်း လာအို   တွဲဆိုင်းတွေအပြင်ပြည်တွင်းကလပ်များမှ အထူးစိန်ခေါ်ပွဲတွေပါ။
ပွဲတော်ကာလမှာ ဆက်လက်ထိုးကြမည်လိုကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပွဲတော်ကာလမှာ ဇန်နဝါရီ ၃၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၁ရက်နေ့အထိမှာ မြန်မာ့ရိုးရာအထူးစိန်ခေါ်
ပွဲနဲ့အတူ မြန်မာအဆိုတော်တွေဖြစ်တဲ့  ရင်ဂို မနောသာဒီလူ  စောလားထော်ဝါး   မိုးသောက် သီဟ
သန်းဝင်း ဆင်ပေါက် ဖြူဖြူကျော်သိန်း   ခင်စုစုနိုင်  ဖြူဖြူပြည့်စုံ  မေသူကျော် အိမ့်ပြည့်ပြည့်ဖြိုး  ဝိုင်းစံ
နဲ့အတူ Lucky  Band   တေးဂီတပါဝင်ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ပါတယ်
ပွဲတော်ကာလမှာ မွန်ပြည်နယ်ဇာတ်ပွဲ ၂ပွဲ အရောင်းပြခန်း  လူသုံးကုန်အဝတ်အထည်တွေ
စားသောက်ကုန် ကံထူးရှင်ရွေးချယ်ပွဲ  တခြားဈေးဆိုင်တွေနဲ့ ပျော်ရွှင်စရာကလေးကစားချားရ
ဟတ်တွေပါဝင်မည်ဖြစ်သလို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအတွက်လုံခြုံရေးအပိုင်းကို
ပိုမိုတိုးမြှင့်ဆောင်ရွက်မည်ဟု ကျင်းပရေးကော်မတီဆိုပါတယ်။
နေမျိုးထွဋ်    ရေး(မြန်​မာ့အလင်း)

No comments:

Post a Comment