Latest News

Thursday, January 25, 2018

ကားမောင်းခွင့် ပိတ်ခံ ထားရခြင်းကြောင့် ရွန်းန်ီ ကားထုတ်ရောင်း

ကားမောင်းခွင့် ပိတ်ခံ ထားရခြင်းကြောင့် ရွန်းန်ီ ကားထုတ်ရောင်း

မာဆေးဆိုက် ဇန်နဝါရီ ၂၄

အဲဗာတန် အသင်းမှ အင်္ဂလန် တိုက်စစ်မှူး ရွန်းနီသည် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းက အရက်သောက်ပြီး ကားမောင်းမှုဖြင့် ယာဉ်မောင်းခွင့် ပိတ်ပင် ခံထားရကာ ယခု ၄င်းပိုင်ဆိုင်သော တန်ကြေးကြီး ကားများထဲမှ တစ်စီးဖြစ်သည့် BMW i8 စူပါကားကို Auto Trader အွန်လိုင်းကား အရောင်းအဝယ် ဝက်ဘ်ဆိုက်တွင် ပေါင် ခြောက်သောင်းခွဲဖြင့် ရောင်းချရန် ယမန်နေ့က အရောင်းစာရင်း တင်ခဲ့သည်။

အဆိုပါကားမှာ Hybrid အမျိုးအစားဖြစ်ကာ ၄ ဒသမ ၄ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်း တင်ပြီး မောင်းနိုင်သကဲ့သို့ အမြင့်ဆုံး တစ်နာရီ ၁၅၅ မိုင်နှုန်း မောင်းနှင် နိုင်သည်။

ရွန်းနီသည် ယင်းကားကို ၂ဝ၁၅ ခုနှစ်က ဝယ်ယူစဉ် ဈေးနှုန်းထက် ပေါင် ငါးသောင်း အရှုံးခံပြီး အရောင်းစာရင်း တင်ခဲ့ခြင်း ဖြစ်သည်။ Ref: Dailymail(MWD)

No comments:

Post a Comment