Latest News

Thursday, January 25, 2018

ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ

ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်း လုပ်ကိုင်ရာတွင်
အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော် ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် လော့မိုင်ရန်ကျေးရွာဟောင်း၏ အရှေ့ တောင်ဘက် ၁ မိုင်ခန့်အကွာသို့အရောက်၌ တရားမဝင် ရွှေလုပ်ငန်း လုပ်ကိုင်လျက်ရှိရာတွင် အသုံးပြုသည့် ရွှေဖောင်ငါးခု၊ မြေသယ်ယာဉ်နှစ်စီး၊ မီးစက်တစ်လုံး၊ ဒိုင်နမိုတစ်လုံး၊ ဆီပီပါသုံးလုံး၊ ဆီလှောင်ကန်နှစ်ခု၊ ဒီဇယ် ၁ဝ ဂါလန်ပုံး ၁၂ ပုံးနှင့် လူနေတဲ ၁၅ လုံးတို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ နံနက် ၁ဝ နာရီခွဲခန့်တွင် မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင် ခန့်အကွာ နေရာအနီးတစ်ဝိုက်၌ လေးလုံးထိုးအင်ဂျင် တပ်မှုန်စုပ်စက်ခုနစ်လုံး၊ ချန်ချိုင်းအမျိုးအစား ၂၅ ကောင်အင်ဂျင်တပ် ရေစုပ်စက်ခုနစ်လုံးတို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီ ခွဲခန့်တွင်လည်း အဆိုပါနေရာ အနီးတစ်ဝိုက်၌ ဂျင်ဒေါင်း အမျိုးအစား ၃၂ ကောင် အင် ဂျင်တပ်မှုန်စုပ်စက်တစ်လုံး၊ ဂျင်ဒေါင်းအမျိုးအစား ၃ဝ ကောင်အင်ဂျင်တပ် မှုန်စုပ်စက်တစ်လုံး၊ ဂျင်ဒေါင်း အ မျိုးအစား ၂၅ ကောင်အင်ဂျင်တပ် ရေစုပ်စက်တစ်လုံးနှင့် ဝေလင့်အမျိုးအစား ၂၅ ကောင်အင်ဂျင်တပ် ရေစုပ် စက်တစ်လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ရွှေ လုပ်ငန်းလုပ် ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ဆွမ်ပရာဘွမ် နယ်မြေရဲစခန်းနှင့် လုံးတုံနယ်မြေ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။(MWD)

No comments:

Post a Comment