Latest News

Thursday, January 25, 2018

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ

 နေပြည်တော် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မိုးလိုကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာသို့ အရောက်၌ မသင်္ကာဖွယ် လူနှစ်ဦးအား တွေ့ရှိ သဖြင့်စစ်ဆေး မေးမြန်းရာ ဦးတာဝီး(ဘ) ဦးဆွန်လေးနှင့် ဦးငွါတား (ဘ) ဦးငွါစိုးတို့ ဖြစ်ကြောင်း သိရှိရပြီး ၄င်းတို့ထံမှ ဆပ်ပြာခွက် အတွင်း ထည့်ထားသည့် ဘိန်းဖြူ ၁ဝ ဂရမ်ခန့်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ဝဝဝဝ) အား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိ သူများအား စစ်ဆေး မေးမြန်းချက်အရ အဆိုပါ ကျေးရွာ၏ အရှေ့မြောက်ဘက် ၃ မိုင်ခွဲခန့် အကွာ၌ မူးယစ်ဆေးဝါးများ ရောင်းချနေသည့် ဦးချွန်တားလေးအား ဆပ်ပြာခွက် ၄၁ ခွက်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၆ဝ သိန်း)၊ မူးယစ်ဆေးဝါး ရောင်းချရာတွင် ရရှိသည့် ငွေကျပ် ၂၃ဝဝဝဝ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီး ရမိသူများနှင့် မူးယစ်ဆေးဝါး များအား မဘိမ်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။(MWD)

No comments:

Post a Comment