Latest News

Wednesday, January 17, 2018

ရေပူ စစ်ဆေးရေးဂိတ်၌ ကျောက်စိမ်းဖြတ်စများနှင့် နီကယ်သတ္တုမှုန့်များ တရားမဝင် သယ်ဆောင် လာသူများ အား ဖမ်းဆီးရမိ

ရေပူ စစ်ဆေးရေးဂိတ်၌ ကျောက်စိမ်းဖြတ်စများနှင့် နီကယ်သတ္တုမှုန့်များ  တရားမဝင် သယ်ဆောင် လာသူများ အား ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ နှင့်  ဌာနဆိုင်ရာများ ပါဝင်သော  ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမှ မူဆယ်သို့ ဦးတင်လင်း(ဘ)ဦးမျိုးမြင့် မောင်း နှင်၍ မင်းစိုးလွင်(ဘ)ဦးကျော်ညွန့် လိုက်ပါ လာသော ဇွဲသီဟ Express အမျိုးအစား ယာဉ်အမှတ်၊ MDY 4C/---  အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင်  တရားမဝင်တင် ဆောင်လာသော   ကျောက်စိမ်းတုံးဖြတ်စ ဆိုဒ်စုံ ၇၃ တုံး(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၃ဝ ကျော်)နှင့် နီကယ် သတ္တုမှုန့် ၅ဝ ကီလို ဂရမ်ပါ ဆာလာအိတ် ၂၅ အိတ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီး ရမိ ခဲ့သည်။

 အဆိုပါ ဖမ်းဆီးရ မိသူများ၊ မော်တော်ယာဉ်၊ ကျောက်စိမ်းတုံး ဖြတ်စများနှင့် နီကယ်သတ္တု မှုန့်များအား သိန်းနီမြို့မ ရဲစခန်းနှင့် လားရှိုး မြို့နယ် အကောက်ခွန်ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။(MWD)

No comments:

Post a Comment