Latest News

Thursday, January 18, 2018

နှစ်နိုင်ငံနယ်စပ်အကြား နေထိုင်နေကြသူများအား မောင်တောခရိုင်အုပ်ချုပ်ရေးမှူး သွားရောက်တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်အကြား နေထိုင်နေကြသူများအား မောင်တောခရိုင်အုပ်ချုပ်ရေးမှူး သွားရောက်တွေ့ဆုံ

မောင်တော ဇန်နဝါရီ   ၁၇

မောင်တောခရိုင်   တောင်ပြိုလက်ဝဲမြို့ အနီး  မြန်မာ-ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံ နယ်စပ်အကြားတွင်     ယာယီနေထိုင် နေကြသည့်       တောင်ပြိုလက်ဝဲမြို့အနီး ရှိ   ကျေးရွာအုပ်စုများမှ   နေရပ်စွန့်ခွာ သူများအား   ယနေ့  မွန်းလွဲပိုင်းတွင် မောင်တောခရိုင်       အုပ်ချုပ်ရေးမှူး    ဦးရဲထွဋ်နှင့်  ခရိုင်စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများက   သွားရောက်   တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ပြန်လည်စိစစ်လက်ခံရေး
တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူးက ¤င်းတို့နေထိုင်နေသည့်  အခြေအနေများ၊ မြန်မာနိုင်ငံနှင့်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား သဘာတူညီချက်အရ ပြန်လည် စိစစ်လက်ခံရေး   လုပ်ငန်းစဉ်   အခြေ အနေများနှင့်     စပ်လျဉ်း၍     ရှင်းလင်း ပြောကြားသည်။

နှစ်နိုင်ငံသတင်းထုတ်ပြန်ချက်
ထို့ပြင်    ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်စိစစ်လက်ခံရေးအတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံသဘောတူညီမှု အခြေအနေများ၊  လူသားချင်း  စာနာ ထောက်ထားမှု   အကူအညီရရှိမှု  အခြေ အနေများ၊   တွေ့ကြုံနေရသည့်   အခက် အခဲများ၊  ပြန်လည်လက်ခံရေး  လုပ်ငန်း စဉ်အပေါ် ကိုယ်ပိုင်သဘောထားများကို မေးမြန်းခဲ့ရာ    နေရပ်စွန့်ခွာသူများက  ¤င်းတို့အနေဖြင့်   နေရပ်သို့    ပြန်လာ လိုကြောင်း၊   ပြန်လည်စိစစ်လက်ခံရေး ကိစ္စရပ်အပေါ်      နှစ်နိုင်ငံ     သတင်း ထုတ်ပြန်ချက်များကိုလည်း   လေ့လာ သိရှိကြပါကြောင်း၊ ယခုကဲ့သို့ လာရောက် တွေ့ဆုံမေးမြန်းသည်ကိုလည်း ကျေးဇူး တင်ရှိပါကြောင်း    ပြန်လည်ပြောကြား ကြသည်။
အောင်ရဲသွင်၊ ကိုမင်းဓာတ်ပုံ-အောင်မင်း(မြန်​မာ့အလင်း)

No comments:

Post a Comment