Latest News

Thursday, January 18, 2018

ဂါဝရ ပြုပါရစေ ဖထီးရယ် ..........


၂_၁ လက်မ နဲ့ကာထားတဲ့ အခြေခံလူတန်းစားလူ့အလွှာ
ရပ်ကွက်တစ်ခုထဲက နေအိမ်တစ်လုံးဆီကို ပြုံးရွှင်စွာပဲ
နောက်ကြောင်းရှင်းရှင်နဲ့ ပြန်လာနေတဲ့ ခင်ဗျားကို မြင်တော့
ဖ ဆ ပ လ အစိုးရလက်ထက်က ဝန်ကြီးချူပ် ဦးနုကို
ပြန်သတိရလိုက်တာ ဖထီးရာ !!!

ဦးနု က သူဝန်ကြီးချူပ်အဖြစ်က အနားယူတော့ သတင်း
မီဒီယာတွေအားလုံးကိုခေါ်ပြီး "ကျူပ် ဝန်ကြီးချူပ်တာဝန်ကို နိုင်ငံ
တော်က တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့တုန်းက ဒီအိပ်ထဲမှာ
အလာတုန်းက ပါလာတဲ့ အဝတ်အစားတွေနဲ့ ပစ္စည်းစာရင်း
တွေပဲ အပိုဆိုလို ငွေတစ်ကျပ် ပါလာခဲ့ရင် ခင်ဗျားတို့အားလုံး
ကျူပ်ကို သူခိုး လို့ အော်ခေါ်ပစ်လိုစမ်းပါ။ သူခိုး လို့ လူသိ
ထင်ရှားရေးပစ်ကြစမ်းပါ" လို့ သမိုင်းတွင်ကျန်ရစ်စေခဲ့ရ
လောက်တဲ့ မှန်သောစကားကို ဗြောင်ကျကျ သူ့ ပိုင်ဆိုင်မှုကို
ပြည်သူသိအောင် ချပြခဲ့တယ်လေ။

အခုလည်း အသက် အရွယ်အရ ၇၆ နှစ်စွန်းစွန်းဖြစ်ပြီး
ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မသေကောင်း မပြောကောင်း
လောက်အောင်များပြားလွန်းလှတဲ့ ဝေဒနာ ဒဏ်ချက်တွေနဲ့မို့
"၂၀၂၀ မှာ ပြည်သူက ကျူပ်ကို အားကိုတကြီး တာဝန်တွေ
ပေးခိုင်းလာခဲ့ရင် အသက်အရွယ်အရ ကျန်းမာရေးအရ
ကျူပ်မလုပ်နိုင်ခဲ့ရင် ပြည်သူကိုမျက်နှာပျက်ရမှာ မလိုလားဘူး။
အာနာရမယ်လေ။ ဒါကြောင့် ကျူပ် အခြေအနေအရ အနား
ယူလိုက်ရတာပါပဲ။ နိုင်ငံတော်နဲ့ အများပြည်သူဆီက ကျူပ်မိ
သားစုအနေနဲ့ပဲဖြစ်ဖြစ် ကျူပ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပြစ်
တစ်စုံတရာကျူးလွန်ထားတာတွေ့ရှိခဲ့ရင် ချက်ချင်းအရေး
ယူနိုင်ပါတယ်" တဲ့ လေ။

ယခင် နှစ်ပေါင်း ၅၀ ကျော်လောက် ဒီ တိုင်းပြည်ကိုတစ်ဗိုလ်
ဆင်း တစ်ဗိုလ်တက်အုပ်ချူပ်သွားခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတွေသာ
ဖထီး လို ရိုးသားခဲ့မယ်ဆိုရင် သူတို့အနားယူချိန်တွေမှာ
ကိုယ်စီ ကိုယ်စီ သူတို့ ပိုင်ဆိုင်မှုတွေကို အခုလို ချပြနိုင်ခဲ့မယ်ဆိုရင်
ကုန်ကုန်ပြောရရင်ဗျာ ဦးနုနဲ့ဖထီး တို့လို့ လူ့သိက္ခာကိုတန်ဖိုးထား
အရှက်တရားဆိုတာရှိခဲ့ကြလိမ့်ဆိုရင် ဒီကနေ့ ဒီတိုင်းပြည်
ဒီလောက် ဘယ်မွဲတေဆင်းရဲ အကြွေး ဗလပွတင်ကျန်ရစ်ခဲ့
ပါ့မလဲဗျာ။

ဖထီးရယ်
လေးစားလိုက်တာဗျာ။
ဖထီးဟာ ကျွန်တော်တို့နှောင်းလူတွေအားလုံးအတွက်တော့
အနာဂတ်မှာ လေးစားအတုယူထိုက်တဲ့ အမိဧရာဝတီ ရဲ့
ရိုးသားမှုပြယုဒ်အဖြစ် လူ့သမိုင်းစာမျက်နှာမှာ ရှိနေလိမ့်မယ်လို့
ပြောပါရစေတော့ဗျာ။

ဖထီး ကျန်းမာအသက်ရှည်ပါစေ။ ။

ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
18"1"2018

No comments:

Post a Comment