Latest News

Wednesday, January 17, 2018

မက်စ်မြန်မာကုမ္ပဏီမှ ဝိုင်ဘီအက်စ်ယာဉ် အစီး ၁၀ဝ ပြေးဆွဲခွင့်ကျပြီး ယာဉ်လိုင်း ၉၃ နှင့် ၇၈ အဖြစ် ယခုလအတွင်း စတင်ပြေးဆွဲမည်

မက်စ်မြန်မာကုမ္ပဏီမှ ဝိုင်ဘီအက်စ်ယာဉ် အစီး ၁၀ဝ ပြေးဆွဲခွင့်ကျပြီး ယာဉ်လိုင်း ၉၃ နှင့် ၇၈ အဖြစ် ယခုလအတွင်း စတင်ပြေးဆွဲမည်

ရန်​ကုန်​မြို့တွင်းပြေးဆွဲနေသော ဝိုင်ဘီ အက်စ် ခရီးသည်​တင်​ယာဉ်​လိုင်းများတွင်​ ​ပါဝင်ပြေးဆွဲရန် မက်စ်မြန်မာကုမ္ပဏီမှ ယာဉ် အစီး ၁၀ဝ ​ပြေးဆွဲခွင့်​ကျပြီးဖြစ်၍ ဇန်နဝါရီလ အတွင်း ​စတင်​ပြေးဆွဲ​မည်​ဖြစ်​​ကြောင်း ဇန်န ဝါရီ ၁၅ ရက်​၌​ သိရသည်​။

ယာဉ်အစီး ၁၀ဝ

လူထုမိတ်​​ဆွေအမည်​ဖြင့်​ပြေးဆွဲမည်ဖြစ် သော မက်စ်မြန်မာကုမ္ပဏီမှ ယာဉ်အစီး ၅၀ဝ ကို ယာဉ်​လိုင်း ကိုးလိုင်းတွင်​ ဝင်​​ရောက်​​ပြေး ဆွဲခွင့်ပြုရန်​ ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူသယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​ကွပ်​ကဲမှုအာဏာပိုင်​အဖွဲ့(YRTA) ထံ တင်​ပြထား ရာ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့က အဆိုပါ လူထုမိတ်​​ဆွေအမည်​ဖြင့်​ ယာဉ်အစီး ၁၀ဝ ကို ဝိုင်ဘီအက်စ်ယာဉ်​လိုင်း နှစ်လိုင်း တွင် ​ပြေးဆွဲခွင့်​ပြုလိုက်ကြောင်း YRTA ထံမှ သိရသည်​။

ယာဉ်လိုင်းနှစ်လိုင်း

"ယာဉ်အစီး ၁၀ဝ ​ကို ပြေးဆွဲခွင့်​ပြုလိုက်​ပါတယ်​။ ဇန်​နဝါရီလထဲမှာပဲ စတင်​​ပြေးဆွဲပေး မှာပါ။ ယာဉ်​လိုင်းနှစ်လိုင်း​မှာ စတင်​​ပြေးဆွဲ​ပေးမယ်​။ အမှတ်​ ၉၃ နဲ့ အမှတ်​ ၇၈ ယာဉ်လိုင်း နှစ်​လိုင်းမှာပါ။ ​ပြေးဆွဲ​ပေးမယ့်​ယာဉ်​တွေက Foton brand New ယာဉ်သစ်​​တွေနဲ့ ​ပြေးဆွဲ​ပေးမှာပါ"ဟု Max Myanmarကုမ္ပဏီမှ ​လူထုမိတ်​​ဆွေအမည်​ဖြင့်​ ​ပြေးဆွဲ​ပေးမည့်​ ယာဉ်​လိုင်းတွင်​ တာဝန်​ယူထားသူတစ်​ဦးက ဇန်​နဝါရီ ၁၅ ရက်​၌ မြန်​မာတိုင်း​မ်နေ့စဉ်​သို့​ပြောဆိုသည်​။

အခုအသစ်​​ပြေးဆွဲမည့်​ ယာဉ်​လိုင်းနှစ်လိုင်း မှ ဝိုင်ဘီအက်စ် ၉၃ ယာဉ်​လိုင်းသည် အနောက် ​ပိုင်းတက္ကသိုလ်​ ထန်းတစ်​ပင်​မှ တညင်းကုန်း အမှတ်​(၃)လမ်းဆုံ ဂန္ဓမာ Wholesale လမ်း ​ကြောင်းဖြစ်​ပြီး ဝိုင်ဘီအက်စ် ၇၈ ယာဉ်​လိုင်း သည် ​လှော်​ကားလိပ်ကုန်း ​​ကွန်ပျူတာတက္ကသိုလ် မှ တညင်းကုန်းလမ်းဆုံ အင်းစိန်လမ်း​ကြောင်း အတိုင်း ​ပြေးဆွဲ​မည်​ဖြစ်​​သည်။
YBS

No comments:

Post a Comment