Latest News

Tuesday, January 30, 2018

အသစ်ဖွင့်လှစ်ခဲ့သည့် တညှင်းကုန်းဈေးသစ်ကြီးမှာ အစိုးရသစ်၏ ပထမဦးဆုံး စံနမူနာပြစရာ ​ဈေးကြီးဖြစ်လာမည် ဟုဝန်ကြီး ချုပ်ဆို

အသစ်ဖွင့်လှစ်ခဲ့သည့် တညှင်းကုန်းဈေးသစ်ကြီးမှာ အစိုးရသစ်၏
ပထမဦးဆုံး စံနမူနာပြစရာ ​ဈေးကြီးဖြစ်လာမည် ဟုဝန်ကြီး ချုပ်ဆို

ဇန်​နဝါရီ ၃၀ရက်

အသစ်ဖွင့်လှစ်ခဲ့သည့် တညှင်းကုန်းဈေးသစ်ကြီးမှာ အစိုးရသစ်၏ ပထမဦးဆုံး စံနမူနာပြစရာ ဈေးကြီးဖြစ်လာမည် ဟုရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယနေ့နံနက် ၆နာရီတွင် အင်းစိန်မြို့နယ် တညှင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် လက်ကားဈေးသစ်ကြီးဖွင့်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံတကာမျက်နှာစာမှာ နှစ်ပေါင်းများစွာ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ထွက်သွားလာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးကိုတောင် ကျွန်တော်တို့က နိုင်ငံတကာ အဆင့်အတန်းမီ ဈေးကြီးတစ်ဈေးအဖြစ်နဲ့ ရပ်တည်နိုင်အောင် အများကြီး ပြုပြင်ပြောင်းလဲရဦးမှာဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေ မပျောက်ဘဲ။ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေကနေ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ရေးကို အခြား ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဈေးပေါင်း ၁၇၀ ကျော်ကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီဈေးကြီးဟာ အခုလက်ရှိ အစိုးရသစ်ရဲ့ ပထမဦးဆုံး စံနမူနာပြစရာ ဈေးကြီးတစ်ဈေးဖြစ်လာမှာပါ။"ဟု ဝန်ကြီးချုပ်ကပြောသည်

အစိုးရသစ် စတင် တာဝန်ယူသည့်အချိန်တွင် ရန်ကုန်၌ ဈေးပေါင်း ၁၈၄ခန့် လည်ပတ်နေခြင်း ဖြစ်ကြောင်း၊ ဈေးအများစုသည်ဈေးရုံအတွင်း နေချင်စဖွယ်မရှိသည့်အတွက် ဈေးအပြင်ဘက်လမ်းမများပေါ်တွင် ဈေးထွက်ရောင်း နေသကဲ့သို့ဖြစ်နေကြကြောင်း ၎င်းကပြောသည်။

" ဘာကြောင့်လမ်းမပေါ်ထွက်ပြီး ဈေးရောင်း ကြသလဲဆိုရင် ဈေးရုံအတွင်းမှာ နေချင်စဖွယ်မဖြစ်ဘူး ဖြစ်နေတယ်။ ဈေးဝယ်တွေကလည်း ဈေးရုံးအတွင်းဝင်ရမှာ အင်မတန်မှ စိုးထိတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အနံ့အသက်တွေကလည်းမကောင်းဘူး၊ ဈေးရုံအတွင်းဝင်တဲ့ လမ်းတွေကလည်း သန့်သန့်ရှင်းရှင်းမရှိဘူးဆိုတော့ လူတွေက လမ်းမဘေးက ဈေးတွေမှာသာ ဝယ်ချင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးရုံထဲကို သူတို့မဝင်ချင်ကြပါဘူး။ "ဟု ဝန်ကြီးချုပ်ကပြောသည်။

နိုင်​ငံတကာရှိအောင်မြင်နေသည့် ဈေးများ၏စံ နှုန်းများအရ ဈေးများသည်သန့်ရှင်းသပ်ရပ်လှပ ပြီး အစားအသောက်များမှာ ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်များကို ရောင်းဝယ်ခြင်း လာရောက်ရောင်းချသည့်သူများနှင့် ဝယ်ယူမည့်သူများပါ အဆင်ပြေနိုင်မည့် ဈေးမျိုးဖြစ်အောင် ဆောင်ရွက်ခြင်း ဈေးကိုတည်ဆောက်ပြီ နောက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းများကို Operator က တာဝန်ယူခြင်းများကြောင့် ဖြစ် ကြောင်း ၎င်းကပြောသည်။

"ဒီဈေးကြီးကလည်း မြို့တော် စည်ပင်သာယာနဲ့ အကျိုးတူ ပူး ပေါင်းဆောင်ရွက်ထားတဲ့ ဈေးကြီးဖြစ်ပါတယ်။ ဒီဈေးကြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြ ရမှာဖြစ်တယ်။ ဒီဈေးကြီးရဲ့ ပိုင်ဆိုင်မှုတွေထဲမှာလည်း ဒီိကုမ္ပဏီ၊ စည်ပင်သာယာနဲ့ အတူဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးထဲမှာ အားလုံး ပါဝင်ခွင့်ရအောင်၊ ဈေးသူဈေးသားတွေရော ပြည်သူလူထုကြီးကပါ ဒီဈေးကြီးရဲ့ ပိုင်ဆိုင်ခွင့်ထဲမှာ ပါဝင်ခွင့်ရရန်လိုတယ်။
ရှေ့ဆက်ပြီးတော့လည်း ဒီအခြေအနေကို ဖြစ်အောင်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဈေးကြီးကိုလည်း တည်ဆောက်ပြီးပြီ။ ဒီဈေးကြီးကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် ကုမ္ပဏီ တစ်ခုကလည်း Operator ခန့်ပေးမယ့်သူရှိပြီ။ ဒီဈေးကြီးဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အဆင့်တစ်ဆင့်ကို ရောက်လာမယ့် ဈေးဖြစ်တယ်"ဟုဝန်ကြီးချုပ်ကပြောသည်။

ယင်းဈေးစီမံကိန်းမှာ ယခင် အစိုးရလက်ထက်တွင် ပေါ်လာခြင်းဖြစ်ကြောင်း ၊၎င်းဈေးကိုဆောက်လုပ်ရန်နိုင်ငံတကာသို့ သွားရောက်လေ့ချက်များအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုးနှင့်MAEXကုမ္ပဏီဥက္ကဋ္ဌဦးဝင်းအောင်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးရောင်းချခြင်း အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့သည်။
YRG Info:

No comments:

Post a Comment