သိမ်းဆည်းခံလယ်ယာမြေအမှုများကို လာမည့် တစ်နှစ်ခွဲအတွင်းပြီး
ပြတ်အောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် ပြောကြား
ရန်ကုန်။ ။ဇန်နဝါရီ ၃၀ ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများအမှုများအားလုံးကို လာမည့် တစ်နှစ်ခွဲအတွင်း ပြီးပြတ်အောင်အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ရန်ုကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ယနေ့မွန်းလွဲ ၂ နာရီကအစိုးရအဖွဲ့ရုံးခန်းမ၂ ၌ကျင်းပသည့် ဌာနဆိုင်ရာများမှပြန်လည်စွန့်လွှတ်သည့်မြေများအား မူလတောင်သူများထံသို့ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင်ပြောကြားသည်။
"သိမ်းဆည်းခံလယ်ယာမြေနဲ့ပတ်သက်တဲ့ အမုတွေအားလုံးကို လာမယ့်တစ်နှစ်အတွင်းမှာ အားလုံးပြီးစီးအောင်အရှိန်မြှင့်ပြီးဆောင်ရွက်သွားပါ့မယ် စစ်ဆေးမှုတွေကိုလည်းမြန်မြန်ထက်ထက်ဖြစ်နိုင်ဖို့လုပ်ဆောင်သွားမယ် ကာလတစ်ခုကနေသိမ်းဆည်းခံခဲ့ရတဲ့အခြေအနေတွေအားလုံးကို စနစ်တပျပြန်လည်စိစစ်ပြီး စွန့်လွှတ်ပေးနိုင်သမျှအခြေအနေတွေအားလုံးကိုမြန်မြန်ထက်ထက် စွန့်လွှတ်ပေးပြီးလူထုရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့တိုင်းဒေသကြီး အစိုးရက အစွမ်းကုန်ကြိုးစာပြီးဆောင်ရွက်ပေးပါ့မယ် တောင်သူတွေကလည်းအခုရရှိတဲ့လယ်မြေတွေကို နိုင်ငံတော်အတွက်တကယ်အကျိုးရှိတဲ့စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွေမှာ ဆောင်ရွက်ပါလို့တိုက်တွန်းပါတယ်"ဟုပြောကြားသည်။
ထို့ပြင်ဝန်ကြီးချုပ်ကအစိုးရမှစီမံခန့်ခွဲလျက်ရှိသည့်မြေယာအားလုံးသည် အစိုးရပိုင်သည့်မြေပင်ဖြစ်ပြီးအစိုးရပိုင်ဆိုသည်မှာပြည်သူလူထုတစ်ရပ်လုံး ပိုင်ဆိုင်သည့်မြေပင်ဖြစ်ကြောင်း ယင်းမြေများကိုပြဘ်သူလူထုအကျိုးရှိနိုင်သော အုပ်ချုပ်ရေးစနစ် ၊ကျောင်များ၊ဆေးရုံများ၊အားကစားကွင်းများဆက်လက်တည်ဆောက်ရမည်ဖြစ်ကြောင်း သို့သော်ယင်းမြေများကယမှာလာ်၊မြေဖြစ်ခဲ့၍ လယ်သမားများထံမှသိမ်းဆည်းခဲ့သည်ဆိုလျင်ထိက်ြတန်သည့်လျာ်ကြေးပေးသွားမဘ်ဖြစ်ကြောင်းဆက်လက်ပြောကြားသည်။
သိမ်းဆည်းခံမြေယာများပြန်လဘ်ရရှိရန် ဆောင်ရွက်ပေးခဲ့ငည့်လုပ်ကန်းစဉ်များ၊ မြေပြင်စစ်ဆေးမှုအခြေအနေများကို စိုက်ပျိုးရေ၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးဟံထွန်းနှင့် အတွင်းရေးမှူး ဦးနေလင်းအောင်တို့ကဌာနဆိုင်ရာများနင့်လယ်သမားများကိုရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ ၄၄ ဦးထံ ပုံစံ ၃ ယာယီလယ်လုပ်ပိုင်ခွင့်လက်မှတ် ကို ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌနှင့် ဝန်ကြီးများကပြန်လည်ပေးအပ်ခဲ့သည်။
မူလတောင်ငူများထံဌာနဆိုင်ရာများမှပြန်လည်ွန့်လွှတ်သည့် မြေများသည် အလုံမြို့နယ်၊ရွှေပြည်သာမြို့နယ်၊
တိုက်ကြီးမြို့နယ်၊မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့န်ာများမှ
မြေဧကပေါင်း ၂၅၃.၄၂ ဧကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်း၊မွေးမြူရေးနှင့်ဆေးကုသရေးဦးစီး
ဌာန၊လေထီးသင်တန်းကျောင်း၊ပင်မထောက်ပံ့ရေးတပ်၊ခမရ
၇၀၆. နှငိ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှပြန်လည်စွန့်လွှတ်သည့် တောင်သူ ၄၄ ဦးပိုင်မြေယာများ
ဖြစ်ပြီးမြေယာစိစစ်ရေးကော်မတီတွင် အမှုပေါင်း ၇၅၀ ခန့်ရှိ
ကာတိုင်ကြားမှုပေါင်း ၁၁၈၂၈ မှုရှိကြောင်း ၊ရန်ကုန်တိုင်းဒေသကြိးသည်တိုင်းကြားမှုအများဆုံးတိုင်းတစ်တိုင်းဖြစ်သည်။
YRG Info:
Tuesday, January 30, 2018
သိမ်းဆည်းခံလယ်ယာမြေအမှုများကို လာမည့် တစ်နှစ်ခွဲအတွင်းပြီး ပြတ်အောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် ပြောကြား
သိမ်းဆည်းခံလယ်ယာမြေအမှုများကို လာမည့် တစ်နှစ်ခွဲအတွင်းပြီး ပြတ်အောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် ပြောကြား
Reviewed by Ar Ti
on
5:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment