Latest News

Tuesday, January 30, 2018

"စု" အသက်မွေးဝမ်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

"စု" အသက်မွေးဝမ်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဇန်န၀ါရီ     ၃၀ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဦးဆောင်ပြီးဖွင့်လှစ်သော စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(SUU VOCATIONAL INSTITUTE)
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် စိန်ပန်းမြိုင်၊၈လမ်း၊၇ရပ်ကွက်၊လှိုင်သာယာမြို့နယ် ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ကျောင်းအဆောက်အဦ လှူဒါန်းသော ဂျပန်နိုင်ငံမှအလှူရှင် Mr, Yukio Kagaya ကိုယ်စား ကိုကျော်သူမင်းက လှူဒါန်းမှုဖြစ်ပေါ်လာရခြင်းကို ရှင်းပြခဲ့သည်။ဆက်လက်ပြီး MPT မှ ကိုယ်စားလှယ်တစ်ဦးက အမေ့အိမ်ပညာဒါနကျောင်းသို့ ကွန်ပျူတာများ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။၎င်းကျောင်းမြေနေရာကို ဦးအောင်သိန်း(ကွယ်လွန်)၊ ဒေါ်လဲ့လဲ့ မိသားစုမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
YRG Info:

No comments:

Post a Comment