Latest News

Thursday, January 18, 2018

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) တိုးချဲ့ကျောင်းဆောင်သစ် ပန္နက်တင်နှင့် အုတ်မြစ်စီအခမ်းအနားကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) တိုးချဲ့ကျောင်းဆောင်သစ်
ပန္နက်တင်နှင့် အုတ်မြစ်စီအခမ်းအနားကျင်းပ

ရန်ကုန်        ဇန်နဝါရီ     ၁၈

ပြည်တွင်းသာမက  ကမ္ဘာ့နိုင်ငံများသို့ပါ သာသနာထွန်းလင်း ပြန့်ပွားရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသော သီတဂူ အဓိပတိဆရာတော်ကြီး  ဦးဆောင်တော်မူသည့် သီတဂူက္ဘာ့ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)   ကျောင်းဆောင်သစ်   ပန္နက်တင်နှင့် ရတနာအုတ်မြစ်စီအခမ်းအနားကို     ယနေ့  နံနက် ၉ နာရီတွင် ရန်ကုန်မြို့   ဒဂုံမြို့သစ်(မြောက်ပိုင်း)ပင်လုံရပ်ကွက်၌   ကျင်းပ သည်။
အဆိုပါ ပန္နက်တင်နှင့် ရတနာအုတ်မြစ်စီအခမ်းအနားတွင် နမောတဿမဟာပဏာမ  သုံးကြိမ်ရွတ်ဆိုပြီး   သီတဂူအဓိပတိ ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ သံဃာတော် များကြ<ွကရောက်လာသော  ပရိသတ်များအား   တရားတော် များ ချီးမြှင့်ပေးသည်။ ထို့နောက် သီတဂူအဓိပတိဆရာတော် ကြီးထံမှ အနုမောဒနာတရားနာယူ၍ မင်္ဂလာမဏ္ဍပ်အတွင်းရှိသတ်မှတ်ထောင့်များတွင် ဦးရွှေနီ၊ ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်(မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)၊ ဒုတိယòန်ကြား ရေးမှူးချုပ် ဦးစိုးမင်းထွန်း(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန)၊ ဦးမိုးဟိန်း( ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား ရေးမှူး)၊ သီရိမင်္ဂလာဦးကျော်ဆွေ၊ ဦးသိန်းလှိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး   ဦးတင်မောင်စိုးနှင့်   ဦးသန်းလွင်တို့က    မင်္ဂလာပန္နက် တော်တင်ကြသည်။       ပန္နက်တော်တင်အပြီးတွင်   သီတဂူဥက္ကဋ္ဌ ဦးမြအောင်၊   ရန်ကုန်မြို့တော်ဝန်   ဦးမောင်မောင်စိုး၊   ရန်ကုန် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ဗိုလ်မှူးချုပ် နေဝင်း၊ သီတဂူဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးရွှေဝင်း၊ ဒေါက်တာ သိန်းမြင့် (လန်ဒန်)၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့    အတွင်းရေးမှူး ဦးမျိုးအောင်ဌေးတို့က အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။

ယင်းနောက် သီတဂူအဓိပတိဆရာတော်ကြီးက ရတနာ ငွေကြုတ်မြှုပ်နှံခြင်း၊          ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးဖြိုးမင်းသိန်းက  ရတနာကိုးပါးရွှေဖလား    မြှုပ်နှံခြင်းတို့ ဆောင်ရွက်ကြပြီး ရတနာအုတ်မြစ်တော်များဖြစ်သော ပုလဲ အုတ်ကို သီတဂူဂုဏ်ထူးဆောင်ဥက္ကဋ္ဌ  ဦးဟန်၊ ကြောင်အုတ် ကို  ဦးအောင်မြင့်၊ ဂေါ်မုတ်အုတ်ကို  သီတဂူအမှုဆောင်ဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြအုတ်ကို သီတဂူပညာရေးအမှုဆောင် ဦးကျော်စိုး လွင်၊  ဥဿဖရားအုတ်ကို  သီတဂူဘဏ္ဍာရေးမှူး ဦးပီကေဆင်း၊ နီလာအုတ်ကို     ကျောင်းဆောင်တော်သစ်မတည်အလှူရှင် ဦးမင်းမင်း၊ သ္တာအုတ်ကို ဒေါက်တာမြတ်သူ (သီတဂူဆရာတော် ကြီး၏ ကျန်းမာရေးအထူးတာဝန်)၊ စိန်အုတ်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ပတ္တမြားအုတ်ကို သီတဂူ အင်ဂျင်နီယာကြီး   ဦးစောထွေးဇော်တို့က   အသီးသီးအုတ်မြစ် တော်စီကြသည်။

ယနေ့ ပန္နက်တင်နှင့် အုတ်မြစ်စီအခမ်းအနားကျင်းပသော သီတဂူက္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) တိုးချဲ့ကျောင်းဆောင် တော်ကို ယခင်သီတဂူက္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောဘက် ကပ်လျက်တွင် ရှစ်ထပ်တည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံ တကာအဆင့်မီ အစည်းအဝေးခန်းမကြီးများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊  နိုင်ငံတကာအဆင့်မီ  မျက်စိစမ်းသပ်ခန်း များ၊  ခွဲစိတ်ခန်းများပါဝင်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ငွေကျပ် သိန်းပေါင်း ၃ဝဝဝ ခန့် လျာထားကြောင်း သိရသည်။ အဆိုပါရှစ်ထပ်ကျောင်းဆောင်သစ်ကြီးကို  ယခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကာ  ပြီးစီးပါက  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)အနေဖြင့် ယခုလက်ရှိသင်ကြားပြသပေး လျက်ရှိသော စာသင်သား ၂ဝဝ အပြင် စာသင်သား ၁ဝဝ ကျော် ကို  ထပ်မံတိုးချဲ့ သင်ကြားပြသပေးနိုင်ပြီး  သာသနာပြန့်ပွားရေး လုပ်ငန်းများကို ယခုထက်  ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်မည် ဖြစ်သည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment