Latest News

Thursday, January 18, 2018

လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များပေးအပ်ရန် စတုတ္ထအသုတ် စေတနာ့ဝန်ထမ်းလူငယ်များ စစ်တွေမြို့သို့ ရောက်ရှိ

လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များပေးအပ်ရန် စတုတ္ထအသုတ် စေတနာ့ဝန်ထမ်းလူငယ်များ စစ်တွေမြို့သို့ ရောက်ရှိ

စစ်တွေ    ဇန်နဝါရီ   ၁၈

ရခိုင်ပြည်နယ်အတွင်း       လူသားချင်းစာနာမှု    အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD)လုပ်ငန်းစဉ်များအနက် လူသားချင်း စာနာထောက်ထားမှု   အကူအညီများ ထိထိရောက်ရောက် ပေးအပ်    ဆောင်ရွက်နိုင်ရေးအတွက်    စေတနာ့ဝန်ထမ်း လူငယ်များသည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် က္ဆပမော်တော် ယာဉ်များဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည်။

အဆိုပါလူငယ်များကို    ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေးဦးစီးဌာန    ဒုတိယòန်ကြားရေးမှူးချုပ် (ရုံးချုပ်)မှ  ဦးသန်းထွဋ်ဆွေ၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်း နှင့် တာဝန်ရှိသူများက  ကြိုဆိုကြပြီး   စစ်တွေမြို့၌   ခေတ္တ တည်းခိုကြမည့်   ဓညဝတီအားကစားရုံရှိ     ရိပ်သာများသို့  ပို့ဆောင်ပေးကြသည်။    စေတနာ့ဝန်ထမ်းလူငယ်များအဖွဲ့  တွင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးစုစုပေါင်း ၄ဝ ပါဝင်ပြီး ¤င်းလူငယ်အဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် စစ်တွေ မြို့မှ ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် မောင်တောဒေသသို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်သည်။
စေတနာ့ဝန်ထမ်းလူငယ်များသည်   မောင်တောမြို့နယ် နှင့်   ဘူးသီးတောင်မြို့နယ်များသို့   ကွင်းဆင်းကာ  ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံပြီး လူသားချင်းစာနာမှု ထောက်ပံ့ပေးရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment