ဒေါက်တာ အေးမောင်အား ဖမ်းဆီးရမိ၊ ချုပ်ရမန်ရယူပြီး စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်
နေပြည်တော် ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ရခိုင် နိုင်ငံ တော်အချုပ်အခြာအာဏာ ကျဆုံး ခြင်း (၂၃၃)နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ရသေ့တောင် မြို့နယ်ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့် ထားသည့် ဒေါက်တာ အေးမောင်အား စစ်တွေမြို့နယ် ရဲစခန်းမှူးနှင့် အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အိုးတန်း ရပ်ကွက် ရွှေဘန်းလမ်းရှိ ¤င်း၏နေအိမ် မှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် စစ်တွေမြို့နယ် တရားသူကြီး ဦးစိန်ကျော် သူထံတွင် ဇန်နဝါရီ ၁၈ ရက်မှ ၃၁ ရက် အထိ ချုပ်ရမန်ရယူပြီး စစ်တွေ အကျဉ်းထောင်၌ ဒေါက်တာ အေးမောင် အား ချုပ်နှောင်ထားကြောင်း သိရှိရ သည်။
အမှုဖွင့်
စာပေဟောပြောပွဲတွင် ဒေါက်တာ အေးမောင်က ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ် လောက်သာထားရှိပြီး တန်းတူအခွင့် အရေးမပေးကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်းနှစ်ခု သာရှိကြောင်း၊ လက်နက်ကိုင်တော်လှန် ရေးနည်းနှင့် ဆောင်ရွက်နေသည့်ပုဂ္ဂိုလ် များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်း ဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကိုအခွင့်ကောင်း ယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း စသည်တို့အပါအဝင် ဟောပြောခဲ့သဖြင့် ယခုကဲ့သို့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။ သတင်းစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment