ရန်ကုန် ဇန်နဝါရီ ၁၇
အဆိုတော်ဟဲလေးနှင့် အိမ့်ချစ်တို့ နှစ်ယောက်တွဲ သီဆိုထားသော ချောကလက်မှိုတက် ညိုပြာညက် သီချင်းခွေမှာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့နှစ်ယောက်စလုံး ဒီအခွေလေးကို ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် မြူးမြူးကြွကြွ တေးသီချင်းလေးတွေနဲ့ ဖန်တီးထားပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့သီချင်းက နှစ်ပုဒ် ပါပါမယ်။ သီချင်းအားလုံး ၁၂ ပုဒ် ပါပါတယ်။ အိမ့်ချစ်က ငါးပုဒ်ဆိုမယ်။ ကျွန်တော်က ငါးပုဒ်ဆိုမယ်။ နှစ်ယောက်တွဲက နှစ်ပုဒ်ပါ။
ခေတ်ကာလ ပြောင်းလဲမှုတွေ ရှိနေတာကြောင့် ကျွန်တော့်ရဲ့ တေး သီချင်း ဖန်တီးမှုတွေကို တစ်နှစ်နဲ့ တစ်နှစ် မတူအောင်တော့ ပြောင်းပြီး ရေး ထားပါတယ်။ ကိုယ်တိုင်က သီချင်းမြူးမြူးလေးတွေကို သီဆိုရတာ ကြိုက်တဲ့အတွက် ပရိသတ်တွေကိုလည်း အပျော်လေးတွေပဲ ပေးချင် ပါတယ်။ အဓိက ကတော့ အမြဲတမ်းလည်း လေ့လာနေလို့ သီချင်းပုံစံတွေ ထပ်မသွားဘူး''ဟု တေးသံရှင် ဟဲလေးက ပြောသည်။
ချောကလက် မှိုတက် ညိုပြာညက် သီချင်းခွေတွင် တေးရေး စိုးလင်း၊ ဂျက်မြသောင်းနှင့် ဟဲလေးတို့က ရေးသားထားသည်။ ထို့ပြင် အဆိုတော်ဟဲလေး အောင်မြင်ခဲ့သော တေးသီချင်းများကို အကောင်းဆုံး ဖန်တီးကာ ဟဲလေး အကောင်းဆုံးတေးများ သီချင်းခွေမှာ မကြာမီ ထွက်ရှိမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ One Man Show ပွဲကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။(MWD)
No comments:
Post a Comment