Latest News

Thursday, January 18, 2018

ကသာမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန် လာသူအား ဖမ်းမိ

ကသာမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန်
လာသူအား ဖမ်းမိ

ကသာ  ဇန်န၀ါရီ  ၁၇

ကသာမြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန်လာ သူအား ဖမ်းဆီးရမိခြင်း ဇန်နဝါရီလ ၁၈ ရက်နေ့ ၁၁း၃၀ အချိန်
တွင် ကသာမြို့လမ်းခွကျေးရွာအနီးတွင် မူးယစ် တပ်ဖွဲ့စု (၆)ကသာမှ ပူး​ပေါင်းအဖွဲ့များဖြင့် ဘိန်း​ဖြူဟုယူဆရ​သော အမှုန့်​ ဆပ်​ပြာခွက်​ ၁၀ ခွက်​၊​ဆေးပြား  ၃၈၀၀  ပြား ဆိုင်​ကယ်​ ၁စီး၊လူတစ်ဦးဖမ်းမိခဲ့ကြာင်း သိရသည်။

ထို့နောက် ဝါးတစ်ကောက်တောင်းနှင့် ထည့်၍မူးယစ်ဆေးဝါးဖြန့်ချိလာ သူအား မူးယစ်တပ်ဖွဲ့ စု(၆)ကသာမှ ရဲအုပ်ကျော်မင်းထွန်းအဖွဲ့နှင့် ပူးပေါင်းအဖွဲ့သက်သေအဖွဲ့များဖြင့် သတင်းအရကသာမြို့နယ်လမ်းခွ ကျေးရွာအနီးတွင်စောင့်ဆိုင်းနေစဉ် ကသာမြို့မှ အင်းတော်မြို့ဘက်သို့ (၁၂၅)ဆိုင်ကယ် မောင်းနှင်လာသူ အောင်ဇော်မျိုးအားရပ်တန့် ရှာဖွေရာ ဝါးတစ် ကောက် တောင်းခြင်းဖြင့် ထည့်လာသော ဘိန်းဖြူမှုန့် (၁၀) ဂရမ်စိပါ (၉) ခွက်(၁) ထုပ် လျှင်(၂၀၀)ပြားစီပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၉)ထုပ် နှင့် အောင်ဇော်မျိုး ဝတ်ဆင်ထားသည့် အိမ်အင်္ကျီ အိတ်ကပ် အတွင်းမှ ဘိန်းဖြူမှုန့် (၁၀)ဂရမ်ပါ ဆပ်ပြာခွက် (၁)ခွက် စုစုပေါင်းဘိန်းဖြူ (၁၀)ခွက် အလေးချိန်(၁၀၀)ဂရမ်နှင့်စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား (၃၈၀၀)ပြားကာလတန်ဖိုး ကျပ်သိန်း(၂၉၀) သိန်းအားရှာဖွေတွေ့ရှိမိသဖြင့်ရဲအုပ်ကျော်မင်းထွန်းမှ ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့ပြီး မူးယစ်လက်ဝယ်တွေ့ရှိသူ အော်ဇော်မျိုး ၃၆နှစ် အပိုင်း (၁)ရပ်ကွက်(၉)ကသာမြို့နေသူအား ကသာရဲစခန်းတွင်အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။ငွေအိုး(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment