Friday, January 12, 2018
ရဲမင်းပိုင် ပြန်လာပြီ......
ကျနော် မြန်မာပြည်ကို ပြန်လာဖို့ အကိုကျော်သူကစတင်ပြောခဲ့ပါတယ်။ ပြီးတော့ အမေရိကန်က
သူငယ်ချင်းဖြစ်သူ ကိုအေးသိန်ထွေး ကကျနော်ကို မြန်မာပြန်ပြီး အနုပညာအလုပ်ကို
ပြန်လုပ်ဖို့ အထူးတိုက်တွန်းခဲ့ပါတယ်။
ကျနော် ဒီ စာအုပ်လေးရဖို့ ၉ လပိုင်း ၂၀၁၇မှာစတင်ခဲ့ပါတယ်။ Fort Wayne ဇေတဝန် ဆရာတော်
ဦးကုသလ အထူးကူညီခဲ့ပါတယ်။ကျေးဇူးရှိသူတွေရဲ့ကျေးဇူးကိုကျနော်မမေ့ပါ။
စာအုပ်လေး ကျနော်ဆီကို၂၀၁၈ Jan 12 ရက်မနက်မှာ ရောက်ရှိလာပါပြီ။
မကြာခင်ကျနော် ပြည်မြန်မာ ကြီးကိုတောင်းပန်ဖို့ အမိအဘတွေကိုတောင်းပန်ဖို့
ကျနော် အနှစ်နှစ်ဆယ် ကျင်လည်ခဲ့တဲ့အနုပညာ အလုပ်ကိုတောင်းပန်ဖို့
ကျနော်အပေါ် ကောင်းတဲ့ တပည့်တွေနဲ့ပြန်လည်ဆုံစည်းဖို့
နယ်ပေါင်းစုံ ရွာပေါင်းစုံမှာ ပြည်နယ်ပေါင်းစုံမှာယနေ့ထိ ကျနော်ကိုတမ်းတနေတဲ့ချစ်ခင်သူတွေကို
တောင်းပန်ဖို့ မကြာခင်ရက်ပိုင်းအတွင်းကျနော်ရောက်လာတော့မှာပါ။
ကျနော် ဘဝအတွက် အမိမြေကို ကျောခိုင်းထွက်ခဲ့တဲ့သူပါ ကျနော်တောင်းပန်ပါတယ်။
အမိမြေ တချိန်ကအခက်အခဲ အကျပ်တည်းတွေမခံနိုင်လို့ပါ။
ကျနော် ကို အမိမြေ ဝင်ခွင့်ပြုပါလို့ရိုသေစွာ တောင်းခံပါတယ် အမိမြေ။
အနုပညာနဲ့ ကျနော် ကံကုန်ပြီလို့ ထင်မိခဲ့ပါတယ်။
ဒါပေမဲ့ ကျနော့်ရဲ့ အနုပညာ က ကျနော် ကို' မင်းပြန်လာခဲ့ပါ ကံမကုန်သေးဘူး
အများကြီး လုပ်စရာတွေရှိတယ် ..လို့ပြောနေပါတယ်။
အားလုံးသောချစ်ခင်ရသော မိတ်ဆွေ တွေကျေးဇူးရှင်တွေ ချမ်းသာစွာ ပျော်ရွှင်စွာ
အေးငြိမ်းသောဘဝတွေနဲ့ ထာဝရတည်ရှိကြပါစေ
ရဲမင်းပိုင်
သရုပ်ဆောင် ( တချိန်က)
ရဲမင်းပိုင် ပြန်လာပြီ......
Reviewed by timeayeyar
on
5:55 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment