Friday, January 12, 2018
ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကို လိုင်စင်မဲ့ကား ကိစ္စဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထား
ပေါင် - ဇန္နဝါရီ ၁၂
မွန်ပြည်နယ် ပေါင်မြို့ နယ် ပေါင်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ် ကို လိုင်စင်မဲ့ကား
သယ်ဆောင်သည့်အဖွဲ့ ၌ ပါဝင်ခြင်း ၎င်း၏နေအိမ်ရှေ့ ၌ လိုင်စင်မဲ့ကား တစ်စီးစစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။
ဘားအံမြို့နယ် အိန္ဒု နားတွင် ရဲတပ်ဖွဲ့က စစ်ဆေးစဉ် လိုင်စင်မဲ့ယာဉ် ၃ စီးသယ်ဆောင်ရာ၌ ပါဝင်နေသဖြင့် ရဲအုပ်သက်စိုးဦးကို ဇန္နဝါရီလ ၁၁ ရက်ညနေ ၃နာရီခွဲက ဖမ်းဆီးထားခဲ့သည်။
၎င်း၏နေအိမ်ဖြစ်သော ပေါင်မြို့နယ် ကျွဲခြံကျေးရွာ မင်းလမ်း အိမ်အမှတ် ၉ ရှေ့၌ Ford Ranger အဖြူရောင် ကားအား ပေါင်ရဲစခန်းမှုး ဒုရဲမှုးထွန်းဇော်ဦးနှင့်အဖွဲ့မှ ထိုနေ့ညနေ ၅ နာရီကျော်အချိန်က စစ်ဆေးစဉ် ရဲအုပ်သက်စိုးဦးပိုင် ကားဖြစ်ကြောင်း ယာဉ်မောင်းသူ မင်းအောင်မြင့်မိုး (အောင် ၀ပ်ရှော့ ပေါင်းရပ်ကွက် ဘူတာပိုင်း)က အစစ်ခံချက်အရ ၎င်းတို့ကို ပေါင်ရဲစခန်း (ပ) ၁၁ /၂၀၁၈ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူထားသည်။
Paung Daily
https://www.facebook.com/paungdaily
ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကို လိုင်စင်မဲ့ကား ကိစ္စဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထား
Reviewed by timeayeyar
on
3:27 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment