ရွှေဘို ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ဇန်နဝါရီ ၂၅ ရက်က ဆိုင်ကယ်စီးလာ သောသူကို ရပ်တန့်စစ်ဆေးရာ စိတကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက ရွှေဘို မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် ဦးဆောင် သော နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ရွှေဘို မြို့နယ် မင်းကျောင်းကျေးရွာအုပ်စု ပဂိုးကုန်းကျေးရွာ ရွှေဘို-ကျောက်မြောင်း သွားကားလမ်း၌ မူးယစ်ဆေးဝါးသတင်း အရ စောင့်ဆိုင်းနေစဉ် ကျောက်မြောင်းမြို့ ဘက်မှ ရွှေဘိုမြို့ဘက်သို့ ဝေဖြိုးလတ် (၂၂ နှစ်) အမှတ်(၃)ရပ်ကွက် ကျောက် မြောင်းမြို့နေသူ မောင်းနှင်ပြီး ညီဖြစ်သူ ဝေဟိန်းလတ် (၁၈ နှစ်) ကျောက်မြောင်း မြို့နေသူနှင့် တစ်ရပ်ကွက်တည်းနေ အောင်ပြည့်ဖြိုးနိုင် (၂၃ နှစ်)တို့ လိုက်ပါ လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရာ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၅ဝ၄ ပြားနှင့် မူးယစ်ဆေးဝါးရောင်းချ ရငွေဟု ယူဆရသည့် ငွေကျပ် ၉၉ဝဝဝ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ် ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဝေဖြိုးလတ်၊ ဝေဟိန်းလတ်နှင့် အောင်ပြည့်ဖြိုးနိုင် တို့ကို ရွှေဘိုမြို့မရဲစခန်းက အမူဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။
မိုးသောက်(ရွှေဘို)မြန်မာ့အလင်း
No comments:
Post a Comment