Latest News

Thursday, January 25, 2018

မြက်ခင်းစိမ်းတွေပေါ်မှာ မန်ယူအသင်းနဲ့အတူ စောင့်ကြည့်ရဦးမယ့် ဆန်းချက်ဇ်

မြက်ခင်းစိမ်းတွေပေါ်မှာ မန်ယူအသင်းနဲ့အတူ စောင့်ကြည့်ရဦးမယ့် ဆန်းချက်ဇ်

မန်ယူအသင်းဟာ အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ်ကို မီခီတာရန်နဲ့အလဲအလည်လုပ်ပြီး ခေါ်ယူနိုင်ခဲ့ပြီ  ဖြစ်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ မန်ယူအသင်းမှာ ဘယ်လိုနေရာမှာကစားမှာလဲ။ သူ့အနေနဲ့ မန်ယူအသင်းမှာရော ခြေစွမ်းပြကစားနိုင်မလား။ အဲဒီမေးခွန်းတွေဟာ လူတိုင်းက သိချင်နေကြတဲ့ ဆန်းချက်ဇ်နဲ့ပတ်သက်တဲ့မေးခွန်းတွေလို့ ပြောရမှာပါ။ ဒါကြောင့် ဆန်းချက်ဇ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ အကြောင်းတရားတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဘယ်နေရာမှာ ကစားရမလဲ
တိုက်စစ်မှူးဆန်းချက်ဇ်ဟာ တိုက်စစ်နေရာစုံမှာ ကစားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက်ကတော့ ဘယ်နေရာမဆိုကစားနိုင်စွမ်းရှိသူလို့ ပြောရမယ်။ ဒါပေမယ့် မန်ယူ အသင်းနဲ့အတူ တိုက်စစ်မှူးဆန်းချက်ဇ်ရဲ့အဖြစ်နိုင်ဆုံးနေရာကို ပြောပါဆိုရင်တော့ မော်ရင်ညို ရဲ့  ၄-၂-၃-၁ ကစားကွက်မှာတော့ ဘယ်တောင်ပံမှာ ကစားခွင့်ရဖို့ပိုများတယ်လို့ သုံးသပ် ရမှာပါ။  အဲဒီနေရာဟာ  မန်ယူအသင်းမှာတော့  မန်နေဂျာ မော်ရင်ညိုဟာ   မာရှယ်နဲ့   ရက်ရှ်ဖို့ဒ်တို့ကို အလှည့်ကျ ထုတ်သုံးနေခဲ့တဲ့နေရာ လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘယ် တောင်ပံ နေရာ ဟာ ဆန်း ချက်ဇ် ရဲ့   ကစား သမား ဘဝ တစ်လျှောက် အ   များ  ဆုံး က  စား ခဲ့ တဲ့ နေရာ ဖြစ်သလို ပြီးခဲ့တဲ့   ပထမရာသီ ဝက်အတွင်း   အာဆင်နယ် အသင်းမှာလည်း သူဟာ အဲ့ဒီနေရာမှာပဲ ကစားခဲ့တာ  ဖြစ်ပါတယ်။  သူဟာ ညာသန် ကစားသမားတစ်ဦးဖြစ်တာကြောင့် ဘယ်တောင်ပံ ကနေ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှပစွာလိမ်ခေါက်ကစားနိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူးဆန်းချက်ဇ်ဟာ  လူကာကူ  ကစားနေတဲ့  တိုက်စစ်မြားဦးနေရာ မှာလည်း ကစားနိုင်ခြေရှိပါတယ်။ အဲဒီလိုသာ ကစားရမယ်ဆိုရင်တော့  လူကာကူ သို့မဟုတ် အီဗရာဟီမိုဗစ်တို့နဲ့  အလှည့်ကျစီပွဲထွက်ကစားခွင့်လည်း ရရှိနိုင်ပါတယ်။ မမေ့သင့်တာက ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကဆိုရင် တိုက်စစ်မြားဦးမှာ ကစားရင်း အာဆင်နယ်အသင်းအတွက် ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ အံဝင်မှု
မော်ရင်ညိုလို့ဆိုလိုက်တာနဲ့    အသင်းတစ်သင်းကို    ခံစစ်အား ကောင်းကောင်းနဲ့ တည်ဆောက်ထားနိုင်တဲ့  မန်နေဂျာတစ်ဦးဆို တာဟာ ထင်သာမြင်သာပါတယ်။ မော်ရင်ညိုဟာ မန်ယူအသင်း ကို ကိုင်တွယ်တော့လည်း သူ့ရဲ့နည်းဗျူဟာတွေအတိုင်း ခံစစ်အား ကောင်းကောင်းနဲ့ တန်ပြန်တိုက်စစ်တွေကို  အားပြုကစားတာ လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်နေဂျာမော်ရင်ညိုအနေနဲ့ တန်ပြန်တိုက်စစ်တွေကို အားပြုကစားတဲ့နေရာမှာတော့ သူ့ရဲ့ဆန္ဒ တွေကို တိုက်စစ်မှူးဆန်းချက်ဇ်အနေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့လည်း မျှော်လင့်ရပါတယ်။  ဒါ့အပြင်  အသင်းရဲ့  လိုအပ်မှုအရ  သူဟာ ကွင်းလယ်မှာဆင်းကစားပြီး အခွင့်အရေးတွေနဲ့ ဘောလုံးပေးပို့မှု တွေကို အသင်းအတွက် ဖန်တီးမှုတွေကိုလည်း လုပ်ဆောင်ပေးရနိုင် ပါတယ်။
လူကာကူ အခြေအနေ
ဆန်းချက်ဇ်ရဲ့  ခြေစွမ်းတွေ၊ဂိုးသွင်း  အရည်အချင်းတွေဟာ တိုက်စစ်မှူး   လူကာကူကိုတော့   ပိုမိုဖိအားပေးနိုင်တဲ့အခြေအနေ တွေ ရှိနေပါတယ်။ တိုက်စစ်မှူးလူကာကူဟာ ရာသီအစ ၁ဝ ပွဲမှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့်  အဲဒီနောက်ပိုင်း ၂၃ ပွဲမှာတော့ ခြောက်ဂိုးသာ  သွင်းယူထားနိုင်ပါသေးတယ်။  ဒါကြောင့်လည်း ဆန်းချက်ဇ်ဟာ လူကာကူအတွက် အခွင့်အရေးတွေပိုမိုဖန်တီးပေးနိုင်မယ့်သူအဖြစ်   တွေ့မြင်ရနိုင်သလို   သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်နိုင်မယ့်သူအဖြစ်လည်း ရှိလာ နိုင်ပါတယ်။  စာရင်းဇယားတွေအရ ပြောရမယ် ဆိုရင်လည်း  ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ သုံးရာသီ အတွင်း   အခွင့်အရေးဖန်တီးမှုပေါင်း  ၁၈၃ ကြိမ်ရှိခဲ့ပြီး သူ့ထက်ပိုကောင်းအောင် အခွင့်အရေး ဖန်တီးနိုင်တဲ့ကစားသမားဆိုလို့     အိုဇေးလ်နဲ့ အဲရစ်ဆင်တို့သာရှိပါတယ်။  ဒါကြောင့်  လူကာ ကူဟာ   ဆန်းချက်ဇ်ရဲ့အကူအညီနဲ့လည်း    ပရီ မီယာလိဂ်မှာတော့   ပိုမိုတောက်ပလာနိုင်ဖို့လည်း မျှော်လင့်ရပါတယ်။
ခန့်မှန်းမှု
တိုက်စစ်မှူးဆန်းချက်ဇ်ကို  ခေါ်ယူခဲ့ခြင်းနဲ့ ပတ် သက်ပြီး မန်ယူအသင်းရဲ့ ဂ္ထဝင်ကစားသမားဟောင်း ဖီးလ်နေဗီးလ်က ''ဆန်းချက်ဇ်ဟာ မန်ယူအသင်းကို အရည်အချင်းကောင်းတွေနဲ့ ဂိုးတွေသွင်းယူပေး နိုင်လိ့မ်လို့တော့ ထင်ပါတယ်။ သူ့မှာက  ထိပ်တန်း အရည်အသွေးတွေရှိနေတဲ့   ကစားသမားမျိုး လည်းဖြစ်ပါတယ်။ ဒါဟာမန်ယူအသင်းအတွက် တော့ မယုံကြည်နိုင်ဖွယ်ကောင်းခဲ့တဲ့ ခေါ်ယူမှုလို့ လည်း  ပြောရမှာပါ။  မန်ယူအသင်းရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကို    ကြည့်ပြီးပြောရမယ်ဆိုရင် လည်း  ကန်တိုနာက  မမျှော်လင့်ဘဲရောက်လာခဲ့ သလို ဗန်ပါစီကလည်း အံ့အားသင့်ဖွယ်ရောက်လာခဲ့ တာပါ။ သူတို့နှစ်ဦးစလုံးဟာ မန်ယူအသင်းကို ဆု ဖလားတွေရဖို့    ကူညီပေးခဲ့တဲ့သူတွေ   ဖြစ်ပါတယ်။ အခုလည်းအဲဒီတုန်းကလိုပဲ  ဖြစ်လာနိုင်မယ်လို့    ထင်ပါ တယ်။ သူ့မှာက မန်ယူအသင်းမှာကစားနိုင်တဲ့ အရည်အချင်း တွေရှိနေပြီးသားလို့ ပြောရမှာပါ'' လို့လည်း ပြောဆိုထားပါတယ်။
ဒါကြောင့်လည်း ဆန်းချက်ဇ်ဟာ  နယ်မြေသစ်ဖြစ်တဲ့  မန်ယူ အသင်းမှာတော့ ဘယ်လောက်အထိတောက်ပလာမလဲ။ မန်နေဂျာ မော်ရင်ညို ရဲ့က စားကွက်ထဲမှာ ဘယ်လောက်အထိ အံဝင်ပြီး ခြေစွမ်းတွေ  ပြနိုင်မလဲဆိုတာ ကတော့ မြက်ခင်းစိမ်းတွေပေါ်ကပြိုင်ပွဲတွေနဲ့အတူ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။အောင်က(မြန်​မာ့အလင်း)

No comments:

Post a Comment