Latest News

Thursday, January 25, 2018

ဆင်းရဲမှုလျှော့ချခြင်းအတွက် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

ဆင်းရဲမှုလျှော့ချခြင်းအတွက် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

ရေကြည် ဇန်နဝါရီ ၂၅

ဂျပန်နိုင်ငံချေးငွေ (ODA Loan) ဖြင့်ဆောင်ရွက်မည့် ငါးသိုင်းချောင်း-ဂွလမ်း လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း စီမံကိန်းဆောင်ရွက်မည့် အစီအစဉ် ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခြင်းကို လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ (၂ဝ) ရေကြည်အစည်း အဝေးခန်းမဆောင်၌ ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က   အမှာစကားပြောကြားပြီး JICA   ကျွမ်းကျင်ပညာရှင်များအဖွဲ့ လူမှုပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်  Mr. Kenji  YOSHIDA  က စီမံကိန်းနှင့် သက်ဆိုင်သည့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များ တင်ပြ ဆွေးနွေးသည်။

ထို့နောက် လမ်းအထူးအဖွဲ့  (၂ဝ) ဒုတိယòန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းကျော် အောင်က ငါးသိုင်းချောင်း-ဂွလမ်း လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် သက်ဆိုင်သည် များကို ရှင်းလင်းတင်ပြပြီး JIC AMAY- P17 စီမံကိန်း၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအင်ဂျင်နီယာ ဦးဘိုဘိုဟန်က ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ပတ်သက်သည့် ကိစ္စရပ် များ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများ၏ ဆွေးနွေးမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အောင်သူဟန်(ပြန်/ဆက်)

No comments:

Post a Comment