ကသာ ဇန်န၀ါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့နယ်၊စကားကုန်းကျေးရွာ ရှိသင်္ချိုင်းအနီးမှတရားမဝင်နွားထီး၁၄ ကောင်၊ကာလတန်ဖိုး(၈၄) သိန်းဖိုးကို ပိုင်ရှင်မဲ့ဖမ်းမိထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၉ ရက်နေ့ည(၈)နာရီအချိန်ခန့်တွင်ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးတိုးတိုးမြင့်မှ၎င်းရွာရှိသင်္ချိုင်းအနီတွင်ပိုင်ရှင်မဲ့နွားထီး ၁၄ ကောင်အားဖမ်းဆီးထိမ်းသိမ်းထားကြောင်း သတင်းပေးလာသဖြင့်ကသာမြို့နယ်၊ကျောက်ထုံးကြီးနယ်မြေရဲကင်းစခန်းမှူးရဲအုပ်ဝင်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များမှသက်သေများနှင့် အတူ သွားရောက်ဖမ်းဆီးထိမ်းသိမ်းထားခဲ့ပြီးတရားမဝင်နွားပိုင်ရှင်များအား အမြန်ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ထားကြောင်းသိရပါသည်။နွားထီ ၁၄ ကောင်၏ကာလတန်ဖိုးမှာကျပ်(၈၄)သိန်းဖြစ်ကြောင်းရဲအုပ်ဝင်းမင်းထွန်းမှပြောပြသိရှိရသည်။
ယခုအခါတရားမဝင်နွားမှောင်ခိုများသည်နိုင်ငံတော်မှတစ်ဖက်နိုင်ငံသို့ တရားဝင်နွားများပို့ဆောင်နိုင်ကြောင်းခွင့်ပြုမိန့်ကိုအခွင့်ကောင်းယူကာ အထောက်အထားမဲ့ကျွဲနွားများသယ်ဆောင်နေကြကြောင်းလည်း သိရသည်။လူအောင်(ကသာ)မြန်မာ့အလင်း
No comments:
Post a Comment