Latest News

Saturday, January 20, 2018

စပါးသယ်ဆောင်လာသောစက်လှေနစ်မြုတ်မှုဖြစ်ပြီး လူတစ်ဦးပျောက်ဆုံး

စပါးသယ်ဆောင်လာသောစက်လှေနစ်မြုတ်မှုဖြစ်ပြီး လူတစ်ဦးပျောက်ဆုံး

ပုဏ္ဏားကျွန်း  ဇန်နဝါရီ ၂၀

 မြောက်ဦးမြို့နယ် မီးကျောင်းသစ်ကျေးရွာမှ စပါးသယ်ဆောင်လာသော စက်လှေ (မော်တော်ဘုတ်)သည်ပုဏ္ဏားကျွန်းမြို့အနီး ကုလားတန် မြစ်ကမ်းခြေ အနီး၌ ဇန်နဝါရီ ၁၉ ရက်နံနက် ၁၀နာရီခွဲကနစ်မြုတ်မှုဖြစ် ခဲ့ကြောင်းသိရသည်။  အဆိုပါစက်လှေသည်မိမိလယ်မြေမှထွက်ရှိသောမိသားစုဝမ်းစာစပါး(၇၀၀)ကို မြောက်ဦးမြို့နယ်မီးကျောင်းသစ်ကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် (ခမီ)ဂန့်ဂါကြီးကျေးရွာသို့ သယ်ဆောင်လာရာ ပုဏ္ဏားကျွန်းမြို့ အနီး ကုလားတန်မြစ်ကမ်းတွင် နစ်မြုတ်သွားရာ စက်လှေပေါ်တွင်ပါလာသော လူ(၆)ဦးအနက် ၅ ဦးလွတ်မြောက်သွားပြီး ကျန်တစ်ဦးကို ယခုထိရှာ မတွေ့သေးကြောင်း ရေကူးလွတ် မြောက်လာသူဂန့်ဂါကြီးကျေးရွာမှ ကိုမောင်လှထွန်း ကပြောသည်။

    ပျောက်ဆုံးနေသူ ကိုဗိုလ်ကျော်သန်း(၂၂)နှစ်အား ပုဏ္ဏားကျွန်းမြို့မှ ကြက်ခြေနီအသင်းနှင့် အနီးအနားကျေးရွာများမှ ဝိုင်းဝန်းရှာဖွေလျှက်ရှိပြီးပျောက်ဆုံးနေသူဗိုလ်ကျော်သန်းမှာရေမကူးတတ်သူတစ်ဦးဖြစ်ကြောင်းသိရသည်။ နီထွန်းအောင်(ပြန်/ဆက်)

No comments:

Post a Comment