Latest News

Friday, January 26, 2018

ရတနာပုံတက္ကသိုလ်မှ ကျောင်သားသမဂ္ဂ များအား ကျောင်းတက်ရောက်ခွင့်ရာသက်ပန်ထုတ်ပြယ်

ရတနာပုံတက္ကသိုလ်မှ ကျောင်သားသမဂ္ဂ များအား
ကျောင်းတက်ရောက်ခွင့်ရာသက်ပန်ထုတ်ပြယ်

ပုသိမ်၊ ဇန်နဝါရီ ၂၆ရက်

ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအချက်သုံးချက်ဖြင့်ဇန်နဝါရီ၂၂ရက်နေ့မှ၂၄ရက်နေ့အထိ၃ရက်မြောက်ဆန္ဒပြတောင်းဆိုခဲ့ကြရာ  အဆိုပါကိစ္စနှင့်ပက်သက်ပြီး ယနေ့ဇန်နဝါရီ၂၆ရက်နေ့ညနေ၄နာရီအချိန်၌ သက်ဆိုင်ရာပါမက္ခများမှကျောင်းတက်ရောက်ခွင့်ရာသက်ပန့်ထုတ်ပြန်သည့် ပညာရေးဝန်ကြီးဌာန၏အကြောင်းကြားစာကို ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းတွင် ပေးပို့ခဲ့သည်ဟု ဆန္ဒပြတိုက်ပွဲဦးဆောင်ကော်မတီထံမှသိရှိရသည်

တက္ကသိုလ်ဝင်ခွင့် လမ်းညွန်ပါ စည်းကမ်းထိန်းသိန်းရေးဆိုင်ရာ ပြစ်မူ့ ပြစ်ဒဏ်များအပိုင်း(ဃ)အပိုဒ်(၁)အကျင့်စာရိတ္တပြက်ပြားမူ
့ဆိုင်ရာပြစ်မူ့အမှတ် (၆)ကျောင်းစည်းကမ်းဖောက်ပြန်မူဆိုင်ရာပြစ်မူ့အမှတ်စဉ် (၁)တို့ကိုဖောက်ဖျက်ကျူးလွန်သောကြောင့် ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၇ ၂၀၁၈ပညာသင်နှစ်မှစ၍သင်တန်းမှရပ်စဲလိုက်သည်ဟု ပညာရေးဝန်ကြီးဌာနအဆငိ့မြင့်ပညာဦးစီးဌာနမှာထုတ်ပြန်ထားကြောင်းသတင်းရ ရှိသည်

"ခုလိုကျောင်းထုတ်ခံရတာနဲ့ပက်သက်ပြီးကျွန်တော်တို့ လုပ်ရပ်ကအမှန်တရားအတွက်လုပ်သင့်လုပ်ထိုက်တာလုပ်ခဲ့လို့ ဖြူစင်တဲ့လုပ်ရပ်မို့ တစ်နေ့အောင်မြင်လာမှာပါလို့ယုံကြည့်ပါတယ် ကျွန်တော်တို့အခွင့်အရေးတစ်ခုအတွက်ပဲမဟုတ်ဘဲ ကျောင်းသားအားလုံးအတွက် တောင်းဆိုခဲ့တာပါ ဒီအတွက် အသနားခံစာလဲတင်မှာမဟုတ်ပါဘူး ကျောင်းထုတ်တော့လည်းမိဘအိမ်ပြန်ရတော့မှာပေါ့မိဘတွေကလည်းကျောင်းကိစ္စပြီးရင်ပြန်လာခဲ့ပေါ့ ကျန်တာထွေထွေးထူးထူးမပြောပါဘူး ကျွန်တို့လုပ်ရပ်ကျွန်တော်တို့အားလုံးယုံကြည်ကြပါတယ်"ဟု ကျောင်းထုတ်ခံရတာနဲ့ပက်သက်ပြီးရတနာပုံ တက္ကသိုလ် ကျောင်းသား များသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)တိုက်ပွဲ ဦးဆောင် ကော်မတီဝင်ကျောင်းထုတ်ခံရသူကို ကျော်သီဟရဲကျော် ကတိုင်းဧရာကိုပြောသည်

၎င်းတို့ကော်မတီအနေနှင့် ထုတ်ပြန်ချက်များထုတ်ပြန်သွားမှာမဟုတ်သလို တောင်းဆိုမူ့တွင် အောင်မြင်သည့်အထိဆက်လက်လုပ်ဆောက်သွားမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်

ဇန်နဝါရီ ၂၄ရက်နေ့ ညနေ၅နာရီတွင်ညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီးနောက် တက္ကသိုလ်ကျောင်းအဝင်ပေါက်လုံခြုံရေးတိုးမြှင့်ပြီး ည၈နာရီအချိန်တွင် သတင်းမီဒီယာများကိုလည်းဝင်ရောက်ခွင့်ပိတ်ပင်ထားကာ ကျောင်းတံခါးများကိုပိတ်ဆို့ထားပြီးည၁၁နာရီအချိန်၌ဆရာ/ဆရာမများ၏ကားများဖြင့် လူအယောက်၁၅၀ခန့်ကကားတစ်စီးပြီးတစ်စီးကျောင်းထဲဝင်လာကာ မနက်၎နာရီ၂၀အချိန်တွင် ဆန္ဒပြကျောင်းသားများအား မင်္ဂလာသီရီကစားကွင်းသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးသက်ဆိုင် တိုင်းအစိုးရထံအပ်နှံပြီးမိဘများထံပို့ဆောင်ခဲ့သည်ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသား များသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)တိုက်ပွဲ ဦးဆောင် ကော်မတီဝင်  ကျောင်းထုတ်ခံရသူ ကိုရဲမျိုးဆွေ ထံမှသိရသည်

"ကျောင်းစည်းကမ်းဖောက်ဖျကိတယ်ဆိုပြီး
ရာသက်ပန်ကျောင်းထုတ်လိုက်တာပါ တက္ကသိုလ် ဝင်လမ်းညွန်ပါ အပိုဒ်(ဂ)အရစွတ်စွဲခံရတာပါ ကျွန်တော်တို့ကျောင်းသားကိစ္စနဲ့ထောင်ကျပြီးနောက်ပိုင်းမှာအဆင့်မြင့်ပညာဦးစီးဌာန ဒုညွန်ချူပ်ဒေါက်တာဦးအောင်အောင်မင်းကိုယ်တိုင် ဒီအပိုဒ်(ဂ)ကိုဖျယ်သိမ်းပြီးဆိုတာကိုစာပို့ထားပြီးသားပါခင်ဗျာ "ဟုကိုရဲမျိုးဆွေမှတိုင်းဧရာကိုပြောသည်

ဒီမိုကရေစီလမ်းသွားနေသည့်အစိုးရအပေါ်တွင် ၎င်းတို့အနေနှင့် မှတ်ချက်မပေးချင်ဘဲ ပြည်သူတွေကျောင်းသားတွေသာမှတ်ချက်ပေးသွားပါလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ကျောင်းထုတ်ခံရတာနှက့်ပက်သက်ပြီး တခြားကျေင်းသားငမဂ္ဂအဖွဲ့များမှ ဘာမှဆက်မလုပ်ဘဲ ပညာရေးစရိတ် တိုးမြင့် ရေးအအတွက် ကြိုးစားဆောက်ရွက်စေလိုကြောင်း၎င်းကဆက်လက်ပြောသည်

လက်ရှိတွင် ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)ဆန္ဒပြသူကျောင်းသား၉ဦးနှင့်ကျောင်းသူ၅ဦးကို၂၀၁၇ ၂၀၁၈ပညာသင်နှစ်မှစ၍ရာသက်ပန်ကျောင်းထုတ်ခဲ့ကြပြီးရတနာပုံတက္ကသိုလ်ဗကသအဖွဲ့ချူပ် ပညာရေးတိုးမြင့်ရေးတိုက်ပွဲဦးဆောက်ကော်မတီမှဦးဆောင် ဆောင်ရွက်ခဲ့ပြီးတက္ကသိုလ်ပေါင်းစုံမှသမဂ္ဂများကဖြည့်စွက်ကာ ပညာရေးစရိတ်တိုးမြင့်ရေး သင်ထောက်ကူပစ္စည်းများရ ရှိရေး နှင့် ကျောင်းနေဆောင်များရ ရှိရေးများအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟုသတင်းရ ရှိသည်

ဓာတ်ပုံ - တိုက်ထွေး၊သတင်း ရွှေရည်ဝင်း

No comments:

Post a Comment