Latest News

Friday, January 5, 2018

အတိတ်ရဲ့ အမွေဆိုးတွေကိုစွန့်ပယ်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိတ်ဓာတ်နဲ့ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်ညီလက်ညီနဲ့ ဖော်ဆောင်

အတိတ်ရဲ့ အမွေဆိုးတွေကိုစွန့်ပယ်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိတ်ဓာတ်နဲ့ သွေးစည်းညီညွတ်ရေး၊
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်ညီလက်ညီနဲ့ ဖော်ဆောင်

နှစ် (၇ဝ) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင်   ပြည်ထောင်စု သမ္မတ    မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး  ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား  အလေးပြု ခြင်းနှင့်    ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ကြသော  ရဟန်းရှင်လူ၊  ကျောင်း သားပြည်သူများအား    ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ် သက်ခြင်းတို့ကို ပြုလုပ်ကြသည်။

ထို့နောက် သဘာပတိဖြစ်သူ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်   ဦးဉာဏ်ဝင်းက     အမှာစကား ပြောကြားရာတွင် ''အမျိုးသားလွတ်လပ် ရေးဟာ          တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ သွေးစည်းညီညွတ်မှု သင်္ကေတ ဖြစ်သလို    အမျိုးသားလွတ်လပ်ရေးရဲ့ နှုန်းစံတန်ဖိုးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးများ အပြည့်အဝရရှိဖို့ ဖြစ်ပါတယ်၊ ပန်းတိုင်ကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု  တည်ထောင်ရေး  ဖြစ်ပါ တယ်၊ ယနေ့ဟာ အတိတ်ရဲ့ အမွေဆိုးတွေ ကို   စွန့်ပယ်ပြီး   အမျိုးသားပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်နဲ့ သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို တက်ညီလက်ညီနဲ့ ဖော်ဆောင် ရမယ့် ကာလဖြစ်ပါတယ်၊ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် တူညီတဲ့စိုးရိမ်စိတ်နဲ့ ညီညွတ်ပေါင်းစည်း၊ ယုံကြည်မှုတည် ဆောက်နိုင်ကြရင် သဘောထားကွဲလွဲမှုနဲ့ သံသယစိတ်တွေ   လျော့နည်းပျောက် ကွယ်သွားစမြဲ ဖြစ်ပါတယ်၊ စိန်ခေါ်မှုတွေ ထဲက အခွင့်အလမ်းကို ရှာဖွေတွေ့ရှိကြ မှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ¤င်းက ''ဒါ့ကြောင့် ကျွန်တော်တို့ဟာ လွတ်လပ်ရေးအတွက် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့   ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ     တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်ကြီးတွေ၊ ပြည်သူ တွေကို ဂါရဝထား လေးစားကျေးဇူးဆပ် တဲ့အနေနဲ့လည်းကောင်း၊ လွတ်လပ်ရေး ကြေညာစာတမ်းပါ   ဥဒါန်းမှတ်တမ်းနဲ့ လွတ်လပ်ရေး    အဓိဋ္ဌာန်ကိုးချက်ကို ဂုဏ်ပြုတဲ့အနေနဲ့လည်းကောင်း၊ နိုင်ငံ တော်ရဲ့ အမျိုးသားလွတ်လပ်ရေး၊ အမျိုး သားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ ကို  ဆက်လက်ထိန်းသိမ်းကာကွယ်သွား ကြဖို့၊  လွတ်လပ်ရေးရဲ့ တန်ဖိုးကို ပိုမို မြှင့်တင်ကြဖို့ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေး နေ့  နေ့ထူးနေ့မြတ်ကြီးမှာ  လေးနက်စွာ တိုက်တွန်းလိုက်ရပါတယ်'' ဟု ပြောကြား သည်။

ယင်းနောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏       အချက်ခုနစ်ချက်ပါရှိသည့် လွတ်လပ်ရေးနေ့ကြေညာချက်ကို ဗဟို ကော်မတီဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး      မုံရွာအောင်ရှင်က ဖတ်ကြားပြီး ပါတီများ၊ အဖွဲ့အစည်းများ၊ သံရုံးများမှ ပေးပို့လာသော သဝဏ်လွှာ များကို မှတ်တမ်းတင်သည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်     ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေမှူး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်    ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ သံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(မြန်​မာ့အလင်း)

No comments:

Post a Comment