Latest News

Friday, January 5, 2018

တတိယမြောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ် ဖွင့်လှစ်

တတိယမြောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ် ဖွင့်လှစ်

မန္တလေးတောင်ခြေ ဂေါက်လေ့ကျင့်ရေး ကွင်းအရှေ့ဘက်ရှိ         သီတဂူက္ဘာ့ဗုဒ္ဓ တက္ကသိုလ်(မန္တလေး)၏          တတိယ မြောက် သီတဂူတော်ဝင်  သဒ္ဓမ္မဇောတိ ကာ သ္တိမဟာဘွဲ့နှင်းသဘင်ကျောင်း ဆောင်သစ် ဖွင့်လှစ်လွှဲပြောင်းရေစက်ချ လှူဒါန်းမှုကို     ယနေ့နံနက်တွင်    ကျင်းပ သည်။

''ဒီနေ့ဖွင့်လှစ်တဲ့  သီတဂူတော်ဝင် သဒ္ဓမ္မဇောတိကာ သ္တိမဟာဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ်က သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့   တတိယမြောက်    ဘွဲ့နှင်း သဘင်        ကျောင်းဆောင်ဖြစ်ပါတယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အနေနဲ့Dip-Buddhism ၊ B.A (Buddhism) ၊ M.A(Buddhism) နှင့်င  Ph.D (Buddhism)   တန်းစဉ်တွေကို နှစ်စဉ် သင်ကြားပေးပြီး သာသနာ့မျိုးဆက်သစ် တွေကို မွေးထုတ်ပေးနေပါတယ်၊ သီတဂူ ဆရာတော်ကြီးအနေနဲ့ ဒီဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ်ကို ဆောက်လုပ်တဲ့ ရည်ရွယ်ချက်ကDip- Buddhismတန်းစဉ်လောက်ကို ဒီမ္တလေးမှာချီးမြှင့် ပေးပြီး    နောင်မှာလည်း   ဘွဲ့နှင်းသဘင် အခမ်းအနားတွေကို    အခုလို   ကျောင်း ဆောင်ကြီးတွေမှာ   အလှည့်ကျကျင်းပ နိုင်ဖို့ ဖြစ်ပါတယ်''ဟု    အဆိုပါသီတဂူ က္ဘာ့ဗုဒ္ဓတက္ကသိုလ်(မ္တလေး)မှ ကျောင်း အုပ်ဆရာတော်   ဦးဝေဠုရိယÓဏက မိန့်ကြားသည်။

ယနေ့ဖွင့်လှစ်      လွှဲပြောင်းသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)၏သီတဂူတော်ဝင် သဒ္ဓမ္မဇောတိကာ သန္တိမဟာဘွဲ့နှင်းသဘင်ကျောင်းဆောင်သစ် သည် မြန်မာနိုင်ငံ၏     တတိယမြောက် ဘွဲ့နှင်းသဘင်ကျောင်းဆောင်သစ်ကြီး ဖြစ်ပြီး တော်ဝင်မိသားစုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကိုကိုထွေး(လူမှုထူးချွန်-ပထမ ဆင့်) ဇနီး သီရိသုဓမ္မာသိင်္ဂီဒေါ်အေးအေး သန်းမိသားစုက   ဆောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်သည်။   အဆိုပါ   ဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်အတူ သီတဂူ ဆရာတော်ကြီးအား      ပုနောပသမ္ပဒါ သိက္ခာထပ်မင်္ဂလာကျင်းပခြင်း၊  သံဃာ အပါး ၁ဝဝဝ အား  ဆွမ်းကြီး လောင်းလှူ ခြင်း၊ ပင့်သံဃာအပါး ၅ဝ အားသိမ်ဆင်း လောင်းလှူခြင်းနှင့်အတူ        နေ့ဆွမ်း ဆက်ကပ်မှုတို့ကိုလည်း  လှူဒါန်းမှုပြုခဲ့ သည်။
 အဆိုပါ    သီတဂူတော်ဝင်သဒ္ဓမ္မ ဇောတိကာ    သ္တိမဟာဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ်ကြီးကို ကျောင်းသုံး ပရိဘောဂအပါအဝင် ငွေ$ကျပ်သိန်းပေါင်း ၁ဝဝဝဝ ကျော် အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၁၃၁ ပေx ၁၁၅ ပေ ၂ လက်မ ကျယ်ဝန်း ကာ အာရ်စီနှစ်ထပ်အဆောက်အအုံအမျိုး အစားဖြစ်သည်။ ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက    စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး  ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတတိယပတ်တွင်    အပြီး အချောသပ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဘွဲ့နှင်းခန်းမဆောင်တစ်ဆောင်၊ စာသင် ခန်းလေးခန်းနှင့်အတူ  ရုံးခန်းလေးခန်းကို လည်း  ထည့်သွင်းထားခြင်းကြောင့်   ဘွဲ့ရ သံဃာတော်၊ သီလရှင်များအား  အဆိုပါ သီတဂူတော်ဝင် သဒ္ဓမ္မဇောတိကာ သ္တိ မဟာဘွဲ့နှင်းသဘင်ကျောင်းဆောင်သစ် မှ  များမကြာမီတွင်  စတင်ချီးမြှင့်ပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

''လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေကို    ထိန်းချုပ်ပေးဖို့ဆိုတာ ဘာသာရေးက     အများကြီးလိုပါတယ်၊ ဘာသာရေးရဲ့ သင်ကြားမှုအောက်မှာရှိတဲ့ လူတွေကကိုယ်ကိုယ်တိုင်     ချမ်းသာ သုခကိုဆောင်ရွက်နိုင်တဲ့  အနေအထား ဖြစ်အောင် ဘာသာရေးရဲ့   သွန်သင်ဆုံးမ မှုတွေလိုပါတယ်၊ အဲဒါလည်းဗုဒ္ဓဘာသာရဲ့ သာသနာအစစ်အမှန်ကို      ရရှိမှသာ    ဒီအကျိုးတွေကို   ခံစားရမှာဖြစ်ပါတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ သာသနာအစစ် အမှန်ကို ဗုဒ္ဓတက္ကသိုလ်တွေက သင်ကြား ပေးလိုက်တဲ့ ဆရာတော်၊ သံဃာတော်တွေ ကသာ   အဆိုအမိန့်၊     အယူအဆတွေ၊ ဟောကြားတဲ့  တရားအစစ်အမှန်တွေကို ရရှိမှာဖြစ်ပါတယ်၊   ဒါကြောင့်   အခုလို သာသနာတက္ကသိုလ်တွေကို     တတ်နိုင် သလောက်    ပံ့ပိုးကူညီလှူဒါန်းပေးတာ ဖြစ်ပါတယ်''ဟု အဆိုပါ သီတဂူတော်ဝင် သဒ္ဓမ္မဇောတိကာ သ္တိမဟာဘွဲ့နှင်းသဘင် ကျောင်းဆောင်သစ်ကို     ဆောက်လုပ် လှူဒါန်းပေးသော          တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ     ဦးကိုကိုထွေး (လူမှုထူးချွန်-ပထမဆင့်)က         ပြော သည်။

 သီတဂူ     ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်      အနေဖြင့်     မြန်မာနိုင်ငံတွင်    စစ်ကိုင်း၊ ရန်ကုန်၊    မန္တလေးနှင့်  တောင်ငူတို့တွင် သံဃာတော်၊ သီလရှင်နှင့် စိတ်ပါ ဝင်စားသော ပြည်သူများအား သာသနာ အဓွန့်ရှည်တည်တံ့စေရန်      ရည်ရွယ်၍ နှစ်စဉ်      သင်ကြားပြသပေးလျက်ရှိပြီး တက်ရောက်သင်ကြားသူ         ဦးရေမှာ တစ်ကျောင်းလျှင်  နှစ်ရာကျော်၊   သုံးရာ ဝန်းကျင်အထိရှိသဖြင့် နှစ်စဉ်စာသင်သား ဦးရေ ၁ဝဝဝ ကျော်ကို မွေးထုတ်ပေးလျက် ရှိပြီးသတ်မှတ်တန်းစဉ်အလိုက် ဘွဲ့များကို လည်း ချီးမြှင့်ပေးလျက်ရှိသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment