နယူးဒေလီ ဇန်နဝါရီ ၂၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီ တို့သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီခွဲက နယူးဒေလီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ(Hyderabad House)၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မပြီး ပြတ်သေးသော နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကိစ္စရပ်များအား အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက် ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ် ရေးနှင့် သယ်ယူပို့ဆောင်မှု ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ် ဂိတ်များဖွင့်လှစ်၍ နှစ်ဖက်ဒေသ ပြည်သူ များ အပြန်အလှန် ကူးသန်းသွားလာ နိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီ ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော် ဧည့်ဂေဟာ (Hyderabad House) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment