Latest News

Thursday, January 25, 2018

** ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီ သို့ ရောက်ရှိ ** ဘီလ် ရစ်ချတ်ဆန် က ရခိုင် အကြံပေး ဘုတ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားများပြီး နှုတ်ထွက်ဟု ဆို


** ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီ သို့ ရောက်ရှိ
** ဘီလ် ရစ်ချတ်ဆန် က ရခိုင် အကြံပေး ဘုတ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားများပြီး နှုတ်ထွက်ဟု ဆို
** ရုရှားမှ ဂျက်တိုက်လေယာဉ် မြန်မာ အား ရောင်းချမှု အမေရိကန် အပြစ်တင်

=======================

အိန္ဒိယ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ငါးဆယ် ပြည့် အထိမ်းအမှတ် တက်ရောက်ရန် နယူးဒေလီ သို့ ဗုဒ္ဓဟူးနေ့ က ရောက်ရှိသွားပြီး ၀န်ကြီးချုပ် မိုဒီ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သတင်းစာများ အသားပေး ဖေါ်ပြခဲ့ကြပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်များ မှ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အရှိန်မြှင့်တင်ရေး နဲ့ အဓိက အားဖြင့် မိုဒီမှ မြန်မာနိုင်ငံသို့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ရောက်ရှိခဲ့စဉ် သဘောတူညီချက်များကို အသေးစိတ် ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် ရာဗီး ကူးမား က Twitter မှာ ရေးသား ဖေါ်ပြခဲ့ပါတယ်။

အဆိုပါ သဘောတူညီချက်များအရ ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ပုံမှန် ပြန်လည် ဖြစ်စေရေး နှင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးရေး ကိစ္စများ ဆောင်ရွက်ရန် တို့ ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားသို့ အာဆီယံ ခေါင်းဆောင်များ အားလုံးကိုလည်း တက်ရောက်ရန် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

** ဘီလ် ရစ်ချတ်ဆန် က ရခိုင် အကြံပေး ဘုတ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားများပြီး နှုတ်ထွက်ဟု ဆို

ဒေါ် အောင်ဆန်းစုကြည် ဖွဲ့စည်းပေးထားသော အဖွဲ့ဝင် ဆယ်ဦး ပါဝင်သော ရခိုင်အကြံပေး နိုင်ငံတကာ ကော်မရှင်မှ နှုတ်ထွက်ကြောင်း ပြောကြားလိုက်ပြီး ယခု ကော်မရှင်သည် "ထုံးဖြူသုတ်ရန်" ကြိုးစားနေခြင်းမျှသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ကျင့်တရား ကို ပြောင်းလဲရန် ခေါင်းဆောင်မှု မပေးနိုင်ဟု စွပ်စွဲလိုက်ပါတယ်။ (ဆိုလိုသည်ကတော့ ဘင်္ဂါလီများအပေါ် မြန်မာလူထု ၏ အယူအဆ သဘောထား ပြောင်းလဲရန် မလုပ်နိုင်ခဲ့ဟု ပြောလိုခြင်း ဖြစ်ပါတယ်)

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အဖွဲ့မှ အကြံကောင်း ညဏ်ကောင်းများ မရရှိခဲ့ပဲ ဗူဗေါင်းထဲတွင် နေထိုင်ရသလို ဖြစ်နေသည်ဟု ဆိုပါတယ်။

ရစ်ချတ်ဆန် (ပုံတွင်တွေ့ရသူ) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက သိခဲ့ကြသူများ ဖြစ်ပြီး ၊ ယခင် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်၊ နယူး မက္ကစီကို ပြည်နယ် အုပ်ချုပ်ရေးမှုး၊ နဲ့ သမ္မတ ကလင်တန် လက်ထက်တွင် စွမ်းအင်ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အလွန်အမင်းကို လေးစားခဲ့ကြောင်း၊ ယခု ရခိုင် ကိစ္စတွင် တကမ္ဘာလုံးက သူမအပေါ် သိက္ခာချရန် ပူးပေါင်း ကြံစည်နေတယ်လို့ သူ့အား ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြေအတင် ပြောခဲ့ရတဲ့ ကိစ္စကတော့ ရိုက်တာ သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရေး ဖြစ်ပါတယ်။ ဒါကို သူမက ဒေါသတကြီး နဲ့ ဒီကိစ္စက အကြံပေးအဖွဲ့နဲ့ မဆိုင်ဘူးလို့ ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စက အခြား ဘုတ်အဖွဲ့ဝင်များ ကို ညစာ နဲ့ ဧည့်ခံချိန်အထိ မပြီးပြတ်ပဲ နေခဲ့ပေမယ့် ညစာ စားပွဲမှာ ကျန် အဖွဲ့ဝင် ကိုးယောက်စလုံးက ဘင်္ဂါလီ များကို ကဲ့ရဲ့ ရှုတ်ချရာမှာ တလေသံ တည်း ဖြစ်နေပြီး ဥက္ကဌ ဖြစ်သူ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဆူကာရီယတ်က (ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ဆွဲ နှုတ်ဆက်နေသူ) နိုင်ငံတကာက အင်ဂျီ အို များက တဖက်စွန်းရောက် အတွေးအခေါ်ရှိသူများကို ခိုင်းစေခဲ့ကြပြီး လူ့အခွင့်အရေး အဖွဲ့များကလည်း ရိုဟင်ဂျာ စစ်သွေးကြွများကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ထောက်ပံ့ပေးနေကြတယ်လို့ ကြက်တူရွေး နှုတ်တိုက်ရွတ်သလို ပြောဆိုသွားကြောင်းလည်း ဆိုပါတယ်။

ယင်းသည်က အဆိုပါ အကြံပေး ကော်မီတီကို နိုင်ငံတကာ မှ အယုံအကြည် ကင်းမဲ့အောင် ထွက် ခတ် ခတ် သွားသည့် စကားသာလျင် ဖြစ်ပါတယ်။

အဆိုပါ ကော်မီတီ ၀င်များ ရခိုင်သို့ သွားရောက်ကြည့်ရှု့သည့် ခရီးစဉ်တွင်လည်း လိုက်ပါသွားခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

ရစ်ချတ်ဆန် က မြောက်ကိုရီယားတွင် ပထမဦးဆုံး သူလျှိုမှု ဖြင့် အဖမ်းခံခဲ့ရသော အမေရိကန် နိုင်ငံသား Evan Hunziker ကို လွတ်မြောက်အောင် စေ့စပ်ဆွေးနွေးပေးနိုင်ခဲ့မှု ဖြင့် နာမည်ရလာပြီးနောက် ရစ်ချတ်ဆန် စင်တာ ဆိုပြီး အသင်းတည်ထောင်ကာ ကမ္ဘာတ၀ှမ်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်အောင် ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ အခကြေးငွေ ရမယ်လို့ ယူဆရပါတယ်။ ဒီအတွက် ၎င်း အခုလို အသင်းဝင် အဖြစ် ဖြစ်လာပြီး နောက်ပိုင်း ရိုက်တာ သတင်းထောက်နှစ်ယောက် ပြန်လွှတ်ပေးရေး ကြိုးပမ်းဖို့ အဓိကထား ပြောဆိုတော့မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုတင် မခန့်မှန်းနိုင်ခဲ့တာ တွေ့ရပါတယ်။

အခုလို ကောင်းမည့်ကောင်းရက်နဲ့ ပါလာပြီးမှ အနီးကပ်နှုတ်ထွက်သွားခြင်းသည် နိုင်ငံတကာ လေ့လာ အကြံပေး အဖွဲ့ ဖွဲ့စည်းခြင်း အား အရှိုက်ကို ထိုးနှက်သလို ဖြစ်သွားစေပါတယ်။

** ရုရှားမှ ဂျက်တိုက်လေယာဉ် မြန်မာ အား ရောင်းချမှု အမေရိကန် အပြစ်တင်

မြန်မာစစ်တပ်အား ရုရှားမှ SU-30 ဂျက်တိုက်လေယာဉ် ၆ စီး ရောင်းချရန် သဘောတူခဲ့မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန် ပြောကြားလိုက်ပါတယ်။ ကမ္ဘာနိုင်ငံများ က ရိုဟင်ဂျာ အကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုနေကြသော်လည်း ရုရှား၏ အပြူအမူသည် မတည်ငြိမ်မှု များ ဖြစ်စေရန် မီးမွှေးပေးသလို ဖြစ်နေကြောင်း ပြောခွင့်ရ Heather Nauert က ပြောကြားလိုက်ပါတယ်။

အမေရိကန် နဲ့ အခြားနိုင်ငံ အတော်များများက မြန်မာအား လက်နက်ရောင်းချဖို့ ငြင်းပါယ်နေကြချိန်လည်း ဖြစ်ပါတယ်။
လှစိုးဝေ

No comments:

Post a Comment